Tuesday, May 7, 2013

အဖော်မွန်

ဘ၀ခရီးကို လျှောက်လှမ်းရာတွင် သင့်အတွက် အဖော်ကောင်းတစ်ယောက် မရှိမဖြစ်
အစစ်အမှန် လိုအပ်နေသည်ဟု ဆိုပါလျှင် သင် ၀န်ခံရပေလိမ့်မည်။ ဤအချက်ကို သင်
ငြင်းပယ်၍ မဖြစ်ပေ။ အဖော်ကောင်းကို ရအောင်ရှာလျက် သင်နှင့်အတူ
လက်တွဲခေါ်ဆောင်သွားရလိမ့်မည်။ သူသည်…..
သင့်စိတ်ကို အင်အားဖြည့်တင်းပေးလိမ့်မည်။
သင့်နှစ်လုံးသားကို အေးငြိမ်းချမ်းသာစေလိမ့်မည်။
သင့်မျက်နှာတွင် ကြည်လင်သောအပြုံးကို ဖြစ်ထွန်းစေလိမ့်မည်။
သင့်ဣနြေ္ဒကို တည်ငြိမ်ရင့်ကျက်စေလိမ့်မည်။
သင့်မျက်လုံးများမှာ ကရုဏာပြည့်လွှမ်းစေလိမ့်မည်။
သင့်နှုတ်ခမ်းကို ယဉ်ကျေးချိုသာစေလိမ့်မည်။
သင့်နားထဲမှာ ဥပေက္ခာတရား ဖြန့်ကြက်ပေးထားမည်။
သင့်လက်များကို မေတ္တာတရား ပြည့်ဝသွားစေမည်။
သင့်အပြုအမူများကို သိမ်မွေ့နူးညံ့စေလိမ့်မည်။
သင်လျှောက်လှမ်းနေသော ခရီးလမ်းတွင် ကြုံတွေ့ရသည့် အခက်အခဲဟူသမျှ
သတိသမ္ပဇဉ် အသိဉာဏ်ယှဉ်ကာ ကူညီဖြေရှင်းပေးလိမ့်မည်။
ခရီးဆုံးပန်းတိုင်သို့ လျင်မြန်စွာ ရောက်ရှိအောင်လည်း
သင့်အားဆောင်ကြဉ်းသွားလိမ့်မည်။
ဘယ်လောက်များ ကောင်းလိုက်ပါသနည်း။
ဤအတိုင်းသာ ဖြစ်လျှင် သင်သည် သူ့ကို အလိုရှိအပ်၏။ သင်သူ့ကို
အလိုရှိမည်ဆိုပါက သင်နှင့်အတူ
သူ အမြဲနေပေလိမ့်မည်။ ဘ၀လွတ်မြောက်ရေးကို အမှန်တကယ် ရလိုပါလျှင် သူသာပင်
သင့်အတွက် အကောင်းဆုံးခရီးဖော် ဖြစ်၏။
သူ့ကို အားလုံးက “သည်းခံခြင်း” ဟု ခေါ်ကြသည်။

Per-Vlan Spanning Tree Behavior

ကျနော် လုပ်ဖြစ်နေတဲ့ CCNP switch Lab Manual ထဲက Lab များကို ဖော်ပြထားခြင်း ဖြစ်ပါတယ်..
အခြေခံ အဆင့်တွေမို့  beginner တွေ  အတွက်ပဲ ရည်စူးပြီး တင်လိုက်ခြင်း ဖြစ်ပါတယ် ခင်ဗျ.

Objective - Observe the behavior of a separate spanning tree instance per Vlan

- Change spannning tree mode to rapid spanning tree

Step 1: Perpare the switches for the Lab .
all active switches ports go to trunk mode with dot1q encapsulation
Note: the default mode on a 3560 or 2960 is dynamic auto , the default mode on a 3550 or 2950 is dynamic
desirable
Step : 2 Configure VTP
configure all switches with vtp mode transparent and domain u want .
Step : 3 Assign a root switch for each vlan
Setp : 4 Configure RSTP
Other Spanning tree mode besides PVST+ are avalible . One of these is RSTP ( Rapid Spanning tree Protocol)
which greatly reduce the time for a port to transition to forwarding state while still preventing bridging loops.
Cisco-Proprietary Per-Vlan rapid spanning tree ( PVRST+) combines the functionality of RSTP and PVST.

Note: use Clear spanning-tree detected-protocols command after configuring different spanning tree mode.

Challange
added more vlans and configure root bridge for ALS1 and ALS2 .
change the cost of vlan between DLS1 and DLS 2 .
everything can run on packet tracer and GNS 3
Cheer !!!!!! all bro