Tuesday, March 11, 2014

My Study Techniques

၂၀၁၀ လောက်မှာ သူငယ်ချင်း CCIE တစ်ယောက်နဲ့ တွေ့ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ ကျနော့်အတွက်
Cisco Certification Trend ကို စိတ်ဝင်စားခဲ့ပါတယ် .. အဲ့အရင်က သိခဲ့တယ် ဆိုခဲ့ပေမယ့် သိပ်ပြီး စိတ်ဝင်တစားတော့ မရှိခဲ့ပါဘူး.. ဒါပေမယ့် နောက်ပိုင်းမှာ တဖြေးဖြေး လုပ်ငန်းခွင်အတွက် လိုအပ်တဲ့
လက်မှတ် ဆိုတာ လိုအပ်ချက် တစ်ခုလို့  မြင်လာပါတယ် ။ အနည်းဆုံးတော့ CV ကို ကိုယ့် CV ကို အရွေးခံရဖို့ တော့ အခွင့်အလမ်းများလာမယ်လို့  လိုခဲ့ပါတယ် ။။
ပထမဦးဆုံး CCNA ကတော့ ၂ နှစ်လောက် ကြာခဲ့ပါတယ် ။ ဘာလို့ လဲ ဆိုတော့ လေ့လာပုံ လေ့လာနည်း
လွဲခဲ့တာကြောင့် အဲလောက် ကြာခဲ့တာလို့  ထင်ပါတယ် ။ လုပ်ငန်းခွင် အတွေ့ အကြုံနဲ့ ဆိုင်မယ် ထင်ပါတယ်
နောက်ပိုင်း CCNP ကို ၂ နှစ်အတွင်းမှာ ပြီးနိုင်မယ်လို့  မှန်းထားပါတယ် ။ Paper Certified မဖြစ်ချင်တာကြောင့်လဲ တတ်နိုင်သမျှ ကိုယ့်ဘက် မှတ်သားနိုင်သလောက် လေ့လာပြီး ဖြေဆိုခဲ့ပါတယ်
အခု စာရေးနေချိန်မှာ Routing နဲ့  Switching ကို ဖြေပြီးပါပြီ ။ လာမယ့်လလောက်မှာ Tshoot ဖြေနိင်မယ်လို့ 
ထင်ပါတယ် ။ ကျနော်ကတော့ CCNP မှာ Self study လုပ်ဖြစ်တယ် ။ အလုပ်က စီနီယာတွေရဲ့  သင်ကြားပြသမှုလဲ အများကြီး ပါပါတယ် . ဂရုတွေမှာ ပါဝင်ဆွေးနွေးတာကလဲ အကျိုးအများကြီးရှိပါတယ်
ဆွေးနွေးခြင်းက ကိုယ်မမြင်တဲ့ ကျော်သွားမိတဲ့ Concept တွေကို မြင်မိစေပါတယ် ။ ကျနော့် အတွက် အဓိက
Study Material တွေက CBT Nugget က Video Lessons တွေနဲ့  Cisco Official Press Book တွေပါ ၊
နောက်ပြီး GNS3 vault , How to Master , Note တွေက အတော်လေး ထိရောက်မယ်လို့  ယူဆပါတယ်
တစ်နေ့ စာဖတ်ပြီးရင် ဒီနေ့  ငါ ဘာသိလိုက်လဲ ကိုယ်ကိုကိုယ် ပြန်ပြီးတော့ ဆန်းစစ်ကြည့်ပါတယ် ။
ဒါပေမယ့် နေ့ စဉ် အကျွှမ်းတ၀င် မဖြစ်တဲ့ ကိစ္စတွေက မေ့သွားတတ်ပါတယ် ။အနည်းဆုံး နောက်တစ်ခါ ကြည့်ရင်တော့ လွယ်တာပေါ့ ။ နောက်ပြီး စာပြန်ရှာရမယ် ဆိုရင်တောင် ဘယ်နားမှာ ရှိတယ်ဆိုတာတော့
သိဖြစ်မယ် ထင်ပါတယ် ။ စာကြည့်တာတော့ ညပိုင်းမှာ ကြည့်ဖြစ်တယ် ။ Lab ကတော့ ပုံမှန် မဟုတ်ပဲ
တော်တော်များများလုပ်ကြည့်ဖြစ်တယ် ။ လုပ်နေရင်းနဲ့  ပိုသိလာရတဲ့ အကြောင်းတွေလဲ ရှိပါတယ်
Lab ကတော့ ရုံးက ပေးထားတဲ့ Lab ကတော့ အတော်လေး အဆင်ပြေပါတယ် ။ အဆောင်ကို ပြန်ေ၇ာက်ရင်တော့ GNS 3 က ကျနော့် အဖော်မွန်ပါပဲ..
ဆက်ပြီးလဲ လေ့လာစရာတွေ အများကြီး ရှိနေပါသေးပါတယ် . ...ဒီထက်လဲ နားလည် ကျွှမ်းကျင်တဲ့ အင်ဂျင်နီယာ တစ်ယောက် ဖြစ်ဖို့ ကြိုးစားနေပါတယ် .....