Saturday, June 26, 2010

ွနည်းပညာကျောင်းတော်အမှတ်တရ ..

"တစ်ချိန်ချိန်မှာတော့…."

နာနာကြင်ကြင် အလွမ်းတွေ ဖြစ်လောက်ပါရဲ့
- ဒီနေရာဟာ…လူတိုင်းရဲ့ ဘ၀အတွက်
ကြီးကြယ်ခမ်းနားတဲ့ …. ကြယ်စင်အိပ်မက်တွေ ရှိတယ်
မျှော်လင့်ချက်ကိုယ်စီ နေ့သစ်တိုင်းအတွက်
နေခြည်ဖြာ… သက်တန့်နေ့ရက်တွေ ရှိတယ်
ပြီးတော့… အဆင့်ဆင့် လမ်းခွဲတိုင်းမှာ
လမ်းမလွဲသွားဖို့ သတိပေးဆိုင်းဘုတ်တွေ ရှိတယ်
အနာဂတ်ကို အရောင်လက်အောင် ရွှေချဖို့
ဦးနှောက် ခပ်စိပ်စိပ် ဇယားကွက်တိုင်းမှာ
တစ်ထက်ကြီးတဲ့ (>1) ကိုယ်ပိုင် factor တွေ ရှိတယ်။
- ဒီနေရာဟာ တောက်ပတဲ့ နေ့ရက်တွေအတွက် ၀ှက်ဖဲ တွေ ရှိတယ်
နေ့သစ်တိုင်းကို ဖြတ်သန်းဖို့ password တွေ လို မလို ခန့်မှန်းဖို့ လိုတယ်
သန်းခေါင်ထက် နက်တဲ့ ညတွေ ကျော်ဖြတ်ဖို့ ရှိတယ်
Web page infinity မှာ website မြေပုံညွှန်းတွေ မှန်ကန်ဖို့ လိုတယ်။
- ဒီနေရာဟာ ကမ်းမမြင် လမ်းမမြင် ပင်လယ် မဟုတ်ပေမယ့်
ဆိပ်ကမ်းတွေ မှား မကပ်မိဖို့ အရေးကြီးတယ်။
- မနက်ဖန်…. နောင် …. တစ်နေ့နေ့….
ကျွန်တော်တို့ ဘယ်လို ဖြစ်လာမှာလဲ……..
- တစ်ချိန်ချိန်မှာတော့….
နာနာကြင်ကြင် အလွမ်းတွေ ဖြစ်လောက်ပါရဲ့

(GTC မှာ အကြောင်း အမျိုးမျိုးနဲ့ခွဲခွာသွားတဲ့ သူငယ်ချင်းများနဲ့၊ ငါးနှစ်လုံးလုံး အတူ ပညာသင်ခွင့်ရခဲ့တဲ့ သူငယ်ချင်းများ၊ မေတ္တာစေတနာတွေနဲ့ ပညာသင်ပေးခဲ့တဲ့ ဆရာ၊ ဆရာမ အားလုံးသို့)

No comments:

Post a Comment