၂၀၂၄ ခုနစ်အတွက်မှာ အကောင်းအဆိုး အကြောင်းအကျိုး ပြန်တွက်ပြီး သူတပါးဂုဏ်ကျေးဇူးတွေ ရေတွက်ရမယ်ဆိုရင်
၂၀၂၄ မှာ စလုံးမြေကနေ နိုင်ငံအသစ်ကို ရွေ့ပြောင်းနေ့ထိုင်မယ် လို့ ရည်မှန်းချက် ထားခဲ့တယ် ..
အဲတုန်းက CA လား US လား သေချာ မဆုံးဖြတ်ရသေးပေမယ့် US မှာ နေဖြစ်အောင် အကူအညီပေးခဲ့တဲ့ လမ်းပြ ပေးတဲ့ US က ညီအကို ဆွေမျိုးအားလုံးကို အထူးကျေးဇူးတင်ရပါတယ် ..
လိုအပ်တဲ့အချိန်မှာ ငွေရေးကြေးရေးက အစ စိတ်မပူပဲ နိုင်ငံပြောင်းနိုင်အောင် ကူညီပေးတဲ့ သူငယ်ချင်း ကိုလဲ အမြဲကျေးဇူးတင်ရပါတယ်.
၂၀၂၄ မှာ တသက်လုံး စိတ်ထင်သလို သောက်လာတဲ့ အရက်သေစာ ဘီယာ ကို လုံး၀(လုံး၀) ရှောင်ကြည်နိုင်ခဲ့တာ အမြတ်တခု ထွက်တယ် ပြောရမယ်.
၂၀၂၄ မှာ မိသားစုဝင် ၁ ယောက်တိုးလာတယ် သမီးလေးက ကိုယ်တို့ ဘ၀ ထဲကို ရောက်လာတယ် .. ကိုယ်လိုချင်တဲ့ မိသားစုဘ၀ အိပ်မက်ကို ဖြည့်ဆည့်ပေးလို့ကော ဘယ်လိုဆုံးဖြတ်ချက်ပဲချချ အမြဲ အားပေးတဲ့ မိန်းမ ကို အထူးကျေးဇူးတင်ရပါတယ်
၂၀၂၄ မှာ ပဌာန်း အကျယ် ပရိတ်ကြီး ၁၁ သုတ် ကို ပါဌိ အတိုင်း ရွတ်တတ် ဖတ်တတ်လာတယ် .အဲဒါကလဲ ဆရာတော် ဦးစိတ္တရ ရဲ့ မေတ္တသုတ် အဖွင့် စာအုပ်ဖတ်ပြီး ဖြစ်လာတဲ့ စိတ်ကနေ တောက်လျှောက် ယုံယုံကြည်ကြည် ရွတ်တတ် ဖတ် တတ် လာတာပါပဲ ..
ဘာသာရေးနဲ့ ပတ်သက်ပြီး လမ်းမှန်ရောက်အောင် ဆိုဆုံးမပေးတဲ့ ဆရာတော် ဦးစိတ္တရ ( ဇင်ဝေသော်) ကိုလဲ ကျေးဇူးတင် ပါတယ် ..
Indianapolis က မြန်မာ ကွန်မြူနတီမှာ ကိုယ်တတ်နိုင်သလောက်လေး ပါဝင်အားဖြည့်ပေးနိုင်အောင် အခွင့်အရေးပေးတဲ့ Community Leaders တွေကို ကျေးဇူးတင်ပါတယ်
၂၀၂၄ မှာ ဗုဒ္ဓဘာသာကော ခရစ်ယာန် အသိုင်းအ၀ိုင်းကကော သူတော်ကောင်း တွေရဲ့ ကူညီ ဆောင်မ ခြင်း ခံရလို့ အထူးဝမ်းမြောက်ရပါတယ်..
ချစ်ခင်ရတဲ့ မိတ်ဆွေများအားလုံးလဲ ယခု လာမည့် ၂၀၂၅ ခုနှစ်မှာ လိုအင်ဆန္ဒ များပြည့်မြောက်ကြပြီးလို့ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်း နဲ့ တလုံးတ၀ နဲ့ ပြည့်စုံနိုင်ကြပါစေ လို့ ဆုမွန်ကောင်းတောင်းပါတယ်
ကျနော်တို့မိသားစုလဲ ၂၀၂၅ မှာ ကိုယ်ကျမ်းမာ စိတ်ချမ်းသာလို့ သူတော်မဟုတ် သူယုတ်မာ နဲ့ ကင်းဝေးရပြီး အမျိုးဘာသာ သာသနာ နဲ့ ရောက်ရာအရပ်မှာ အများအကျိုးကို ဆထက်တပိုး ထမ်းရွက်ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်များ ဖြစ်ခွင့်ရပါရစီ.
အားလုံး ကျမ်းမာ ချမ်းသာလို့ ဘေးဘယာ ဝေးပြီး ဆန္ဒ နဲ့ ဘ၀ ထပ်တူကြပါစီ..
No comments:
Post a Comment