Saturday, April 21, 2012

Fuzzy Logic and Set Theory

ဒီနေရာမှာ Classical Set နဲ့  fuzzy Set တို့ ရဲ့  မတူခြားနားမှုကို ဖော်ပြထားပါတယ်…




Classical Set ကို 

(၁)     Operation on Classical Sets
(၂)     Properties of Classical (Crisp) Sets
(၃)     Mapping of Classical Set to functions ဆိုပြီး ခွဲခြားဖော်ပြပါတယ်..

 ဒါကတော့ Set Theory မှာသုံးတဲ့  Symbol အချို့ ပါ.


Fuzzy sets ကိုတော့

(၁)     Fuzzy Set Operations
(၂)     Properties of Fuzzy Sets ဆိုပြီး ခွဲခြားဖော်ပြထားပါတယ်..
နောက်ထပ်သိထားသင့်တဲ့ တစ်ခုကတော့ Sets as Points in Hypercubes ပါ….

Classical Set ဆိုတာကတော့ ထာဝရအမှန်တရားလို့  လက်ခံထားတဲ့ အရာများ (A universe of discourse) .လို့  ဆို ပါတယ်…ကျွှန်တော်တို့  X ကို မူသေထားတဲ့  ကိန်းဂဏန်းများလို့  ဆိုပါရစေ…သိပြီးသားအကြောင်းများကိုတော့ ပြန်ရေးမနေတော့ပါဘူး..
အမှန်တရား လက်တွေ့ အသုံးချ အသုံးပြုနေတဲ့ ကိန်းဂဏန်းအစုပေါ့.. ..ဆိုပါတော့..
ကွန်ပြူတာ clock speed လို ..မော်တာ တစ်လုံးရဲ့  မောင်းနှင်စွမ်းအင်( operating current) လို..ငလျင်လူပ်တဲ့အခါ တိုင်းတဲ့ မက္ကနီကျု့  ( Richter Magnitude ) လို …နောက် ၁ အစ ၁၀ အဆုံး ကိန်းစစ်(integer) လို အစုတွေပါ..လက်တွေ့ အသုံးချနေတဲ့ အင်ဂျင်နီယာလုပ်ငန်းအများစုမှာ အသုံးပြုနေတာ အဲသလို ကိန်းဂဏန်းအစုတွေပါ…Set ဆိုတာကို အားလုံးသိပြီးသားမို့  အရှည်ပြောစရာလိုမယ်မထင်တော့ပါဘူး…
Operations of Classical Set ဆိုတာကို အခြေခံအားဖြင့် လေးမျိုး ခွဲခြားနိုင်ပါတယ်…အဲဒါတွေကတော့
Union AB = {x | x A or x B}
Intersection
Complement
Difference (AB) \ (AB) စတာတွေ ဖြစ်ပါတယ်..

 Basic Set Theory

 fig : Difference between Classical Set and Fuzy set

ဒါတွေကတော့ အားလုံးသိပြီးသားကြောင်းအရာများပါ..လျှာဝင်ရှည်နေတယ်လို့ မထင်လိုက်ပါနဲ့ ..
နောက်တစ်ခုကတော့ Properties of Classical ( Crisp) Sets ပါ .
အဲဒါတွေကတော့ Commutativity, Associativity, Distributivity, Idem potency, Identity ,Transitivity ,Involution စသည် စသည်တို့ ဖြစ်ကြပါတယ်...
နောက် Classical Set Operation တွေမှာ အသုံးများ လူသိများတဲ့ excluded middle laws နဲ့  De Morgan’s Laws တို့ဖြစ်ကြပါတယ်…
Law of the Excluded Middle မှာကို နှစ်ခုပြန်ကွဲပါတယ်...တစ်ခုကတော့ excluded middle laws ပုံစံနဲ့  နောက်တစ်ခုကတော့ Nurr Set လို့  ခေါ်တဲ့ Law of the contradiction တို့ ဖြစ်ပါတယ်...



 Excluded Middle Law ကို ကျောင်းသားတစ်ယောက် လက်တွေ့ အသုံးချနေပုံ


ကျွှန်တော်တို့  မင်းသားကြိးဖြစ်တဲ့ De Morgan ကတော့ တတိယနှစ်ကလောက်နေ စပြီး ပါမယ်ထင်ပါတယ်…နောက်ဆုံးဘိတ် ME course work ထိ သူ့ ရဲ့ အခြေခံ သဘောတရားတွေ ပါနေဆဲပါ... 


 

Classical Set နဲ့ ပက်သက်ပြီး နောက်ဆုံးတစ်ခုကတော့ Mapping of Classical Set of Functions ပဲဖြစ်ပါတယ်..သူကတော့ ပြင်ပလောကကို  သီအိုရီနဲ့ ချိတ်ဆက်တဲ့နေရာမှာ အရေးကြီးတဲ့  အယူအဆပိုင်းဆိုင်ရာ အကြောင်းအရာဖြစ်တယ်လို့  ဆိုပါတယ်..
X နဲ့  Y လို မတူညီတဲ့ ဒိုင်မေးရှင်းနဲ့  universe of discourse ကို တွက်ချက်ပါတယ်…Mapping မှာ operation of Classical Set တွေက ပုံစံပြောင်းသွားပါတယ် ..

ကြုံရင်းဆက်ရေးပါဦးမယ်..
လေးစားမှုဖြင့် 
မောင်ထန်းကြီး

Friday, April 20, 2012

Artificial Intelligence သင်ပုန်းကြီး



GTU online ၃ နှစ်ပြည့်အတွက် အက်ဒမင် တစ်ယောက်ကို ဘလော့တစ်ပုဒ်ရေးရမယ်ဆိုတော့ ဘာရေးရင်ကောင်းမလဲဆိုပြီးစဉ်းစားတော့ ကျောင်းသားတုန်းက သင်ခဲ့ဘူးသော AI (Artificial Intelligence) ကို သတိရမိပါတယ်…ကိုယ်နဲ့  ဘာမှ မဆိုင်တဲ့ ဘာသာရပ်တစ်ခုကို ရွေးချယ်ရတာ ကိုယ့်အတွက် ပိုလွတ်လပ်တယ် လို့ ခံစားမိလို့ ပါ..ပြီးတော့ ဒီဘာသာနဲ ပက်သက်ပြီး အပြောအဆို အရမ်းနည်းကြတော့ ဒီဘာသာရပ်ကို  ရွေးချယ်မိပါတယ်..နောက်ပြီး အမှန်နဲ့ အမှားကို ရုတ်ချည်းမခွဲတဲ့  မြန်မာဆန်တဲ့ အဲလေ အရှေ့ တိုင်းဆန်တဲ့ အတွေးအခေါ်မျိုး ပါတဲ့ အတွက်ပါ…ဒါကြောင့် အမေရိကန်မှာ တွေ့ ပြီး ဂျပန်မှာလာအောင်မြင်နေတာနေမှာ…. အမှန်အမှားရောထွေးနေတာကိုတော့ ….၀တ်မှုံရွှေရည်လေသံနဲ့  ပြောရမယ်ဆိုရင် …ဘယ်လိုပြောရမလဲ ….ပေါ့လေ .. အဲဒါနဲ့ fuzzy အကြောင်းကို ရေးမယ်ဆိုပြီး လုပ်လိုက်တာ.. ဆင့် ဟိုဟာ တွဲလောင်း ခိုလိုက်မိရက်သား ဖြစ်နေပါတယ် ..ကိုင်ထားရင်းနဲ့ ကြီးကြီးလာ..လွတ်ချပြန်ရင်လဲ ဆင်နင်းခံရဦးမယ် …ဆိုတော့..လုပ်လက်စနဲ့  လုပ်မယ်ဆိုပြီး.စာအုပ်အဟောင်းတွေ ပြန်ပြီးမွှေပါတော့တယ်…အဲ့ဒီမှာ အဲဒီအချိန်မှာ ဆရာဦးမျိုးမင်းအောင်က ညွန်လို့  ၀ယ်ထားရတဲ့ ဆရာကြီး ဒေါက်တာခင်မောင်ဝင်းရေးတဲ့ စာအုပ်တစ်အုပ်ကို တွေ့ ပြီး အဲဒီစာအုပ်ထဲက ဟာတွေ ယူပြီး ဖြီးချတာကောင်းပါတယ်လို့  စဉ်းစားလိုက်ပါတယ်( အကျယ်ကို သိလိုသော် စာအုပ်ဝယ်ဖတ်ပေါ့ဗျာ) …ငယ်ငယ်ကတည်းက အလုပ်မဖြစ်တဲ့ ကိစ္စများဆို သိပ်စိတ်ဝင်စားတဲ့လူဆိုတော့ အဲသလို ယောင်ဝါးဝါး မင်းနားမလည် ငါနားမလည် ဒါဘာကြီးလဲ ဆိုတဲ့ ဘာသာများဆို သိပ်သဘောကျပါတယ်…AI ပြဌာန်းစာအုပ်ကို ဖတ်ဖြစ်တဲ့အခါ စိတ်ဝင်စားစရာ အကြောင်းအရာတော်တော်များများကို တွေ့ မိပါတယ်…ဒါပေမယ့် ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စမို့  သိပ်စိတ်မ၀င်စားခဲ့ပါဘူး…နောက်ပိုင်း မဟာသင်တန်းသား course work မှာ fuzzy, natural network ,AI စသည်ဖြင့် တချိန်လုံး သင်ရပါတယ်… ကျွှန်တော့် အမြင်ပြောရရင်တော့ Fuzzy , AI , Natural Network တို့ ဟာ ညီအကို တွေလို့ ထင်ပါတယ်…တစ်ခုနဲ့ တစ်ခု ဆက်နွယ်ပေါင်းစည်း တည်ရှိနေတယ်လို့  ခံစားမိပါတယ်…အခုနောက်ပိုင်းမှာ fuzzy logic supported ပစ္စည်းများဟာ မြန်မာနိုင်ငံထဲမှာ ရနိုင်နေပါပြီ…တရက်က ၂၆ လမ်းက အီလက်ထရောနစ်ဆိုင် တစ်ခုမှာ လျှောက်ကြည့်မိရင်း fuzzy logic supported ဆိုတဲ့ ရေခဲသတ္တာတစ်ခုကို တွေ့ မိပါတယ်. .ဈေးကလဲ အရမ်းကြီးပါတယ်…ဒါပေမယ့် ဆိုင်က ၀န်ထမ်းကို မေးကြည့်တော့ ဒီပစ္စည်းက အရမ်းကောင်းတယ် ဆိုတဲ့ စကားထက် ပိုမရခဲ့ပါဘူး…ဆိုလိုချင်တာကတော့ နည်းပညာက ကျွှန်တော့်တို့  နံဘေးကို ရောက်နေပါပြီ…စိတ်ပါဝင်စားတဲ့ ပုဂ္ဂိုလ်များ သတိထားမိအောင် တင်ပြခြင်းဖြစ်ပါတယ် ..ဒီစာစုမှာ အဓိက ပြောချင်တာတော့ AI ပါ ဒါပေမယ့် fuzzy, Natural Network ဟာလဲ ပါသင့်တဲ့ အကြောင်းအရာတွေပါ..ကံကောင်းချင်တော့ ဒီစာစုကို ရေးလိုက် ပြန်ဖျက်လိုက်လုပ်နေတုန်း သူငယ်ချင်း တစ်ယောက်ကနေ AI နဲ့ ပက်သက်တဲ့ doc တစ်ခု ပေးလာပါတယ်…မူရင်းပိုင်ရှင်ကတော့ ရုရှ မှာ ကျောင်းတတ်နေတဲ့  မြန်မာကျောင်းသားပါ..သူ့ ဆီက စာတမ်းများဟာ ခုမှ စလေ့လာမယ့် သူတစ်ယောက်အတွက် အတော်လေး ပြည်စုံပါတယ်..သူ့ ကိုလဲ မမြင်ဘူးပေမယ့် ကျေးဇူးတင်ပါတယ်. 

.နောက်တစ်ခု က ဒီစာစုကိုစုဆောင်းတင်ပြရတာဟာပညာရှင်တစ်ယောက်အနေနဲ့ မဟုတ်ပဲ ယခုလက်ရှိ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေ ဖတ်စေချင်လို့  ညွန်တဲ့ သဘောပါ…တတ်သိနားလည်တဲ့ သူများအနေဖြင့် အရေးမှား စဉ်းစားတာများ အမှားပါရင်တည့်ပေးကြပါ….

ကျွှန်တော် ပေါက်တတ်ကရ လျှောက်မေးသမျှ စိတ်ပါလက်ပါ ပြန်ဖြေပေးခဲ့တဲ့  ဦးမျိုးမင်းအောင်(YTU)၊ဒေါက်တာမိုးသူဇာထွန်း( Engineering Maths) ၊ ဒေါ်မာလာကျော်၊ ရုရှပြည်က AI ပညာတော်သင်အကြောင်းများ အရိပ်အမြွတ်မျှ ပြောပြပေးတဲ့ ကိုစောဂျိမ်းမြင့်  ကိုကျေးဇူးတင်ပါတယ်….ဒီစာစုမှာ စုဆောင်းတင်ပြတဲ့နေရာမှာ လိုအပ်တာတွေ ရှိပါက ကျွှန်တော်မောင်ထန်းကြီး အသုံးမကျလို့ ဟု မှတ်ယူပါ ခင်ဗျား…


As the Complexity of a system increase, our ability to make precise and yet significant about its behavior diminishes until a threshold is reached beyond which precision and significance ( or relevance ) become almost mutually exclusive character ……
(Lotfi Zadeh ,Professor of System Engineering , 1973)



Fuzzy အကြောင်း စာအုပ်အများကြီး ရှိပေမယ့် ကျွှန်တော်တို့  GTU တွေမှာ ပြဌာန်းတာကတော့ McGraw – Hill စာအုပ်တိုက်က ထုတ်ပြီး Professor Timothy J.Ross ရေးတဲ့ Fuzzy Logic with Engineering Application ဆိုတဲ့ စာအုပ်ပါ…၂၀၀၀ ခုနစ်ထုတ်စာအုပ်ပါ…အခုတော့ သင်သေးလား မသိပါဘူး… Professor Timothy J.Ross ဟာ မြို့ ပြအင်ဂျင်နီယာ တစ်ယောက်ဖြစ်ပြီး နယူးမက္ကစီကို တက္ကသိုလ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်လေ့လာရေး သုတေသန ဌာနမှာ ဒါရိုက်တာ တစ်ယောက်လို့ ဆိုပါတယ်..၀ါရှင်တန်နယ်လုံးဆိုင်ရာ တက္ကသိုလ်က ဘွဲ့ ရခဲ့ပြီး မဟာဘွဲ့ ကို ရိုက်စ်တက္ကသိုလ်နဲ့  ပါရဂူဘွဲ့ ကို စတန်းဖို့ ဒ် တက္ကသိုလ် တို့ က ရခဲ့ပါတယ်…fuzzy, Natural Network စသည်နဲ့ ပက်သက်တဲ့ အတွေ့ အကြုံများစွာရှိသူဖြစ်ပြီး အမေရိကန် fuzzy logic ဆိုင်ရာ အစည်းအရုံးနှင့် အပြည်ပြည်ဆိုင်ရာ fuzzy logic အစည်းအရုံးတွေမှာ အသင်းဝင် တစ်ယောက်ဖြစ်ပါတယ်..အမေရိကန် စစ်တပ်အတွက် AI ဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်မှုမှာ နှစ်အတန်ကြာ အမှုထမ်းခဲ့သူ ဖြစ်ပါသတဲ့….အဲသလိုလူ တစ်ယောက်ရဲ့  စာအုပ်ကို သင်ယူခွင့်ရတဲ့  ကျွန်တော်တို့  GTU ကျောင်းသားတွေကတော့ ဘာပြောကောင်းမလဲ……………….ဘာမှ ပြောမကောင်းပါဘူး….;P


Generations of Programming Languages ကိုတော့ ကွန်ပျူတာ စိတ်ဝင်စားတဲ့ သူ ကွန်ပျူတာသမားတွေ အားလုံး သိကြမှာပါ... လက်ရှိ ကျွန်တော်တို့ ရောက် နေတဲ့ Generations က တော့ 5th Generation -Natural language ပေါ့ဗျာ...AI ဟာ Computer Science ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါ..AI ဖန်တီးရန်အတွက် Program ရေးသားရာတွင် ကျွမ်းကျင်သော Programmer တွေ ၊ Hardware ဆိုင်ရာကျွမ်းကျင်သူများနှင့် သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်သူပညာရှင်များပေါင်းစပ်၍ တည်ဆောက်ယူ ရပါတယ်. AI ဟာ သိပံ္ပနည်းပညာ Field တစ်ခုဖြစ်ပါသည်..ဒီနေရာမှာ fuzzy ဟာ Rule Based ဖြစ်ပြီး Expert system ရဲ့ အသုံးချခံ အရင်းအမြစ် ဖြစ်ပါတယ်..Natural Network ကတော့ လူ့ ဦးနှောက်မှာရှိတဲ့  Naturon တွေရဲ့  စဉ်းစားတွက်ချက်ပုံကို အခြေခံတယ်လို့  ဆိုပါတယ်..လူ့ ဦးနှောက်မှာ naturon ပေါင်း 10^17 ရှိတယ်လို့ ဆိုပါတယ်..လူတစ်ယောက် စဉ်းစားတဲ့အခါ အားလုံးအလုပ်လုပ်ကြပါတယ်…AI system တစ်ခုကတော့  အဲသလို အလုပ်လုပ်နိုင်ဖို့ အင်မတန် ကြီးမားတဲ့ ဆူပါကွန်ပြူတာများ လိုအပ်ဖြစ်ပါတယ်..ခုလက်ရှိ အနေနဲ့ တော့ အသက် ၇ နစ် အရွယ်ကလေး တစ်ယောက် စဉ်းစားနိုင်တဲ့ အဆင့်အထိ စမ်းသပ်အောင်မြင်ထားတယ်လို့  သိရပါတယ်.Sample AI တစ်ခု အလုပ်စတင် လုပ်ကိုင်ဖို့  doer ပေါင်းများစွာလိုအပ်မှာ ဖြစ်ပါတယ်…script တွေ ရေးပါတယ်…သဘောကတော့ ကျွှန်တော်တို ရုပ်ရှင်ဇာတ်ကားတစ်ခုရိုက်ကူးခြင်းနဲ့ တူပါတယ်..ဇာတ်ညွန်းအရင်ရေးရပါတယ်…ကျောင်းတတ်နေတုန်းတော့ အဲလို script မျိုးကို အလွတ်ကျတ်ပြီး အကုန်ချရေးဘူးပါတယ်..ဒါကတော့ GTUမှာ fuzzy သင်ဘူးတဲ့ ကျောင်းသားတိုင်းသိကြမှာပါ….လူတစ်ယောက် ဈေးဝယ်ထွက်တဲ့ သင်ခန်းစာလေ… ထားပါ…AI အကြောင်း ဆက်ပြောတာပေါ့…


 AI ကို အောက်ဖော်ပြပါ အဓိကအစိတ်အပိုင်းများအဖြစ်ထပ်မံခွဲခြားနိုင်ပါသည်...

(က) Expert System ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ Expert များ၏ အတွေးအခေါ် အတွေ့အကြုံ ဗဟုသုတများကို Computer ပညာရှင်များ၏ အကူအညီဖြင့် Program များရေးသားခြင်းနှင့် Hardwear ဆိုင်ရာနည်းပညာများပေါင်းစပ်ရန် တည်ဆောက်ထားချင်းဖြစ်ပါသည်..ဤ Expert များ၏ နေရာတွင် အစားထိုးရန်မဟုတ်ပါ...Expert များ၏ အတွေ့အကြုံ ဗဟုသုတများကို လူ့ ပတ်ဝန်းကျင်တွင် ကျယ်ပြန့်စွာ အသုံးချ နိုင်ရန် ဖြစ်ပါသည်...

(ခ) Natural Language Processing (NLP) Computer အသုံးပြုသူများ၏ တတ်ကျွမ်းနားလည်သော ဘာသာစကားဖြင့် Keyboard မှ အမိန့်ပေး ၍ Computer အား ခိုင်းစေချင်း Computer နှင့် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ခြင်းကို စွမ်းဆောင် နိုင်သည့် နည်းပညာဖြစ်ပါသည်၊ ၎င်းနည်းပညာကို နယ်ပယ်(၂) ခု အဖြစ် ခွဲခြားနိုင်ပါတယ်....
(၁) Natural Language Understanding
(၂) Natural Language Generation
(ဂ) Speed (voice) Understanding (SU) ။ Computer အား အသံဖြင့် အမိန့် ပေးလုပ်ဆောင်စေခြင်း -အပြန်အလှန်ဆက်သွယ်ခြင်း နည်းပညာဖြစ်ပါသည်၊

(ဃ) Robotic and Sensory System ၊ အာရုံခံမူ နည်းပညာ နှင့် စက်ရုပ်နည်းပညာများကို ပေါင်းစပ်အသုံးပြုသည့် နည်းပညာ ဖြစ်ပါသည်-
(၁) Robotic System ။ စက်ရုပ်တွင် Electrical နှင့် Electronic ဆိုင်ရာပစ္ဓည်းများ Mechanical ဆိုင်ရာပစ္ဓည်းများ ပေါင်းစပ် ပါဝင်တည်ဆောက်ထားသော Electro Mechanical Device ဖြစ်ပါသည်၊ ၎င်း Robot အား Program များထည့်တွင်း၍ သတ်မှတ်ထားသည့် ဘောင်အတွင်း ၌ အမျိုးမျိုးလုပ်ဆောင်နိုင်ပါသည်...
(၂) Sensory System ။ အမြင်ကို အာရုံခံခြင်း ၊ ကြားခံနယ်၏ ပြောင်းလဲမူကို အာရုံခံခြင်း အသံကို အာရုံခံ ခြင်း စသည့် စနစ်များ အဖြစ် အမျိုးမျိုး ရှိပါတယ်..Intelligence Robot များသည် ပတ်ဝန်းကျင် အခြေအနေများအား အာရုံခံ၍ သူ့ အလိုအလျောက်လုပ်ဆောင်ခြင်းဖြင့် Information ဆိုင်ရာ အဖြေကို ရရှိအောင် စွမ်းဆောင်နိုင်စွမ်း ရှိပါတယ်...အဲဒီ အချက်ကတော့ Automatic Machine တွေနဲ့ ကွဲပြားခြားနားချက်ဖြစ်ပါတယ်။။။

(၃) Computer Vision and Scene Recognition ။ Machine Sensor တစ်ခု မှ ရရှိသော အချက်အလက်များကို Digitized လုပ်ထားခြင်းဖြစ်သည်။ အမြင်ဆိုင်ရာ သတင်း အချက်အလက်များကို Computer တွင်ထည့် သွင်းထားသော ဗဟုသုတအခြေခံ သည့် Program များ (KnowLedge Base)ဖြင့် ပေါင်းစပ်ထားသည့် နည်းပညာပင်ဖြစ်သည်။ ၎င်းမှ ရရှိသော Result သည် စက်ရုပ်မှ အစ စက်မူဆိုင်ရာလူပ်ရှားမူများ Quality Control ဆိုင်ရာများအထိ ထိန်းချုပ်လုပ်ဆောင်နိုင်သည်၊

(၄) Intelligence Computer Aided Instruction (ICAI)၊ လူများကို နည်းပညာတစ်ခု နှင့် ပတ်သက်၍ နည်းပြဆရာ တစ်ယောက်လို သင်ပြနိုင်သည့် နည်းပညာဖြစ်သည် ၊ ယခု ICAI Program များမှာ အသုံးပြုသူနှင့် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ဖြေကြားနိုင်သည့် အဆင့်သို့ ရောက်ရှိနေခြင်းမှာ AI ဆိုင်ရာနည်းပညာများ( ဥပမာ -Natural Language Interface ) နှင့် ဗဟုသုတ ဆိုင်ရာ အခြေခံ (Knowledge Base) ပေါင်းစပ်၍ တည်ဆောက်ထားခြင်းကြောင့် ဖြစ်ပါသည်...

ညီအစ်ကို မောင်နှမတွေ အားလုံး သိပြီးသားဆိုရင်လဲ မသိသေးသောသူ၊ စိတ်ဝင်စားသူ တွေကို ဗဟုသုတ တစ်စိတ်တစ်ပိုင်းပေါ့ဗျာ....ကြုံတုန်းကဗျာတစ်ပုဒ်လောက် လက်ဆောင်ပေးချင်ပါတယ်….အချစ်ကဗျာတော့ ဟုတ်ပါဘူး….:P
J.V.Cunningham(1971)ဆိုတဲ့အနှီပုဂ္ဂိုလ်ကျော်ကြီးရေးတဲ့ကဗျာတစ်ပုဒ်ပါ..ယုံမှားသံသယဖြစ်စရာကောင်းတဲ့ ကိစ္စရပ်များကို စဉ်းစားတဲ့အချိန် ယုံမှားသံသယများကို လျော့နည်းစေပြီး စဉ်းစားစေဖို့ လို့   အဆိုရှိသဗျ..
ကဗျာခေါင်းစဉ်ကတော့ “Meditation On Statistical Method “လို့ ပေးထားပါတယ်..
ဒီနေရာမှာ Fuzzy Logic Set များအတွက် အဓိပ္ပာယ် ဖော်ထုတ်စဉ်းစားဖို့ လို့  ဆိုပါတယ်…

Palto despair!
We prove by norms
How numbers bear
Empire Forms,

How random wrongs
Will average right
If time be long
And error Slight:

But in our hearts
Hyberbole
Curves and departs
To infinity.

Error is boundless
Nor hope nor doubt,
Thought both be groundless
Will average Out……

လေးစားမှုဖြင့်
မောင်ထန်းကြီး