Thursday, April 21, 2011

စိုင်းခမ်းလိတ်ရဲ့  ဆင်းရဲသားအတွေး

စိုင်းခမ်းလိတ်ရဲ့  ဆင်းရဲသားအတွေး
(တစ်)
တစ်ခါက အလွန်ချမ်းသာကြွယ်ဝသည့် လူလတ်ပိုင်းအရွယ်တစ်ယောက်သူဌေးတစ်ယောက်နှင့် ကျွှန်တော်တို့ ဆုံဖြစ်ကြပါသည်။ သူက သိန်းသုံးလေးထောင်တန် (ခုချိန်လောက်ဆိုရင်တော့ သိန်းတစ်ထောင်ကျော်ကျော်လောက်တော့ တန်မှာပေါ့ ကျွှန်တော်လဲ မသိပါဘူး ..ကားဈေးတွေ ကျတယ်ကြားလို့ ပါ ။ ။ဤကား စကားချပ်) ကိုယ်ပိုင်ကား စီးနေသည့်သူ။ သူုကိုယ်ပိုင်ကားက တကယ့်ကိုယ်ပိုင်ကား ဖြစ်ပါသည်။ ကားတစီးကို တအိမ်လုံးဝိုင်းစီးနေတာမျိုးမဟုတ်။ သူ့ မိသားစု အသိုင်းအ၀န်းက လူတကိုယ်ကားတစီး အသိုင်းအ၀ိုင်းဖြစ်လေရာ သူကား က သူကားဆိုမှ သူကား ။ ကျွှန်တော်တို့ အားလုံးကမူ ဘတ်စ်ကားတိုးစီးနေသူတွေ။“ဆင်းရဲတာ ဂုဏ်ယူစရာမဟုတ်ဘူး ချမ်းသာတာမှ ဂုဏ် “သူက သူ့ အယူအဆကို ဒီလိုပဲ ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပါသည်။ တရုတ်ပြည်၏ ခေါင်းဆောင်ကြီး တိန့် ရှောင်ဖိန်ကပင်လျှင် To Get Rich Is Glorious ဟု ဆိုခဲ့ပြီ မဟုတ်လား။ ချမ်းသာခြင်း သည် ဂုဏ်ကျက်သရေတဲ့ ။“ချမ်းသာတာ ကောင်းပါတယ် ၊ ဒါပေမယ့် ဘယ်လိုနည်းနဲ့  ချမ်းသာလာခဲ့တယ် ဆိုတာက ရှိသေးတယ်လေ”ဒါက ကျွှန်တော်တို့  ၀ိုင်းထဲက လူတစ်ယောက်က သူ့ စကားကို ပြန်စောဒက တတ်ခြင်းဖြစ်ပါသည် ။ သည်တော့ သူ့ မျက်နှာ ကွတ်ခနဲ ဖြစ်သွားသည်။ ရိုးသားရင် အရိုးဝါးရမယ် ဆိုသော စကားကို ကျွှန်တော်က အမှတ်ရမိသည်။ ချမ်းသားခြင်း ဆင်းရဲခြင်းနှင့် လူတို့ ၏ စိတ်ခံစားမှုများ။
(နှစ်)
ကုလအတွင်းရေးမှုး ဘန်ကီမွန်းက ကုလသမဂ္ဂ၏ ရှေ့ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပက်သက်၍ ပြောရာ၌ ကမ္ဘာ့  ဆင်းရဲ မွဲတေမှုကို တိုက်ဖျက်ရေးလည်း ပါဝင်ပါသည်။ ကမ္ဘာပေါ်၌ လူအများစုမှာ တစ်ဒေါ်လာ သို့ မဟုတ် တစ်ဒေါ်လာ အောက် ၀င်ငွေဖြင့် ရပ်တည်နေခြင်းဖြစ်ရာ သွေးပျက်ဖွယ် အနေအထားပင် ဖြစ်ပါသည်။ BBC က ဦးဆောင်ကောက်ယူသော စာရင်းဇယားများအရ ကမ္ဘာ့ နံပါတ်တစ် ပြဿနာကို စစ်တမ်းထုတ်ကြရာ ဆင်းရဲမွဲတေမှု ပြဿနာတဲ့၊ အကြမ်းဖတ်မှု ပြဿနာတဲ့ ၊ သဘာဝရာသီဥတုဖောက်ပြန်မှု ပြဿနာတဲ့  ၊ သည် ပြဿနာသုံးခုကပဲ ထိပ်တန်းကနေ စာရင်းထွက်လာပါသည်။ ဘာပဲဖြစ်ဖြစ် ဆင်းရဲတာဟာ ပြဿနာ ဖြစ်နေတာတော့ သေချာပါသည်။
လူတစ်ယောက် သိန်းလေးငါးထောင်တန် ဇိမ်ခံကားကြီး စီးနေစဉ် လူတစ်ယောက် ဖိနပ်တရံဝယ်ဖို့  ခေါင်းခဲနေတာ ကျွှန်တော်တို့ ကမ္ဘာကြီး ဖြစ်ပါသည်။ လူတစ်ယောက် တစ်သိန်းကျော် အရက်တစ်လုံး ထောင်ထားစဉ် လူတစ်ယောက် တောအရက်တစ်ပိုင်းအတွက် မနည်းအားထုတ်နေတာ ကျွှန်တော်တို့ ကမ္ဘာကြီး ဖြစ်ပါသည်။ လူတစ်ယောက် ကမ္ဘာရှေ့ နောက် လေယာဉ်ဖြင့် လူးလာခေါက်တုံနေစဉ် လူတစ်ယောက်က အိတ်ထဲက ဘတ်စ်ကားခလေးကို စမ်းစမ်းကြည့်နေရတာ ကျွှန်တော်တို့  ကမ္ဘာကြီး ဖြစ်ပါသည်။ လူ တစ်ယောက်က ၂၄ နာရီ လေအေးပေးစက် ဖွင့်ထားသည့် အခန်းထဲ၌ ရှိနေစဉ် လူတစ်ယောက်က ပုဆိုးနံငယ်ပိုင်းကလေး ရေစွတ်ကာ ကိုယ်ခန္ဒာကို ပွတ်သတ်နေရတာ ကျွှန်တော်တို့  ကမ္ဘာကြီး ဖြစ်ပါသည် ။ လူတစ်ယောက်က ကမ္ဘာ့  ထိပ်သီးတက္ကသိုလ်ကြီး တစ်ခုသို့ ဝင်ခွင့်လျှောက် ထားနေစဉ် လူတစ်ယောက် ရွှံဗွတ်တွေထဲ ဖြတ်ပြီး လယ်ကွင်းစပ်က စာသင်ကျောင်းလေးဆီ သွားနေတာ ကျွှန်တော်တို့  ကမ္ဘာကြီး ဖြစ်ပါသည်။ ဘာကြောင့် ဆင်းရဲသူ ဆင်းရဲကာ ချမ်းသာသူ ချမ်းသာနေကြပါလိမ့်။
ရှေးဘ၀ အဆက်ဆက် ကုသိုလ်ကံကြမ္မာကြောင့်လား ၊ ခေတ်စနစ် အဆင် အကွက်တွေကြောင့်လား ။
တေးရေးဆရာ စိုင်းခမ်းလိတ်က ဆင်းရဲသားအတွေးဆိုသည့် သီချင်းတပုဒ် ဖွဲ့ခဲ့ဖူးပါသည် ။ သည်သီချင်းကို ဒေါက်တာစိုင်းခမ်းလိတ်၏ အသံရှာဖွေမှုနှင့် လိုက်ဖက်ညီအောင် သီဆိုနိုင်စွမ်းရှိသော စိုင်းထီးဆိုင်က သီဆိုခဲ့ခြင်းလည်း ဖြစ်ပါသည်။

(သုံး)
ဆင်းရဲသားအတွေး
ရေး -စိုင်းခမ်းလိတ်
ကားကလေးတွေ အစီအရီ စီးသွားကြတယ် x x x လမ်းမမှာ မင်း ငေးမနေနဲ့ ကလေးရယ် x x x မကြားဝံ့ မနာသာ ပြောသွားကြမယ် x x x ရွှေလင်ပန်းနဲ့  အချင်းဆေးသူ လူမှုရေးကျ ညံ့တတ်တယ် x x x
လူဆိုတာ မွေးလာကတည်းက အခွင့်အရေးချင်းကွာခြား x x x ကြယ်မြင်တဲ့ အမိုးငယ်အောက်က x x x ကိုယ်စဉ်းစား အခါခါ x x x သူများအတွေး အဖို့ ရာ ဘ၀ဆိုတာ x x x သိပ်ပြီးတော့ လွယ်နေမလား x x x
ငါးပြားတန် အကြော်လည်း မရောင်းတော့ဘူးတဲ့ x x x ၀မ်းဝဖို့ အရေး ရုန်းကန်ဦး ကလေးရယ် x x x ခါးလှဖို့ ဆိုတာ စိတ်ကူးတစ်ခုပဲ x x x ရွေလင်ပန်းရှင် လမင်းရယ် x x x မြင်ပေမယ့် ဝေးလှတယ် x x x
ထီဆိုတာ ပေါက်နိုင်ဖို့  x x x ထီလတ်မှတ်တော့ လိုတယ် x x x ငွေဆိုတာ ပိုက်ဆံနဲ့  x x x ခေါ်မှရတယ် x x x ကူမယ့်လူသာရှိရင် ဘ၀ဆိုတာ x x x ဒီထက်တော့ လွယ်ကူလေမလား x x x
မိုးချုပ်ကောနေ၀င် နေ့ တွက်ကြည့်ရင် x x x မနက်တွက် တနပ်တင်းလို့ နေမြဲ ကလေးရယ် x x x ကြိုးစားဖို့ အရာတောင် အားမရှိတော့တယ် x x x မှန်မှန်လုပ်ပြီး အရိုးပါးသူ x x x တစ်ခါတလေအသားဟင်း တောင့်တတယ် x x x ချောင်မှာ နစ်ယောက်တည်းဖက်ပြီး x x x ငိုရတဲ့ရက်များ x x x အမှောင်မှာနေပြီး အမိုက်ထဲရောက်သွားဖို့  မခက်ပါ x x x အူမတောင့်ရင် သီလတွေ စောင့်ဖို့ လွယ်ကူနိုင်မလား x x x မြက်ဟောင်းကို မွှေရင် အပုပ်နဲ့ ထွက်တယ် x x x တရားနဲ့ သာ တို့ စိတ်ဖြေဖို့ ကလေးရယ် x x x ထွက်ပေါက်ကို မရှာဘူး ရောက်တော့တွေ့ တယ် x x x လူတွေမကောင်းတာ ပြောမယ့်အစား x x x နက်ဖြန်အကြောင်းပဲ ပြောကြမယ် ရင်မှာလေ အကောင်းဆုံးအတွက် မျှော်လင့်ချက် ပိုက်ထားကာရယ် x x x အပြင်မှာလေ အဆိုးဆုံးအတွက် အဆင်သင့်ပြင်ထားကာရယ် x x x တကယ်အကျနာရင် ဘ၀ဆိုတာ x x x နာလန်ထဖို့ အရေး လွယ်ကူပါ့မလား x x x
လမ်းမပေါ်မှာ ကားတွေ ဖြတ်သွားလျတ် ၊ မိန်းမပျိုလေးတစ်ယောက်က ကားရောင်စုံကို လှမ်းငေးလို့  မငေးနဲ့ တဲ့ ၊ ရွှေလင်ပန်းနဲ့ အချင်းဆေးသူ အများစုဟာ လူလို နားမလည်တာ များတယ်တဲ့ ။ မင်းကို ထိကပါး ရိကပါး စော်ကားမော်ကား စကားတွေ လှမ်းပြော သွားလိမ့်မယ်တဲ့ ။ လူသားတို့  ဘ၀များ ကွာခြားပုံတွေကို စဉ်းစားကြည့်တဲ့ အခါ တစ်ချို့ တစ်ချို့ သော ဘ၀တို့ လွယ်ကူလွန်းပုံတွေကို အံသြမိပါရဲ့ ဟု လည်း တေးရေးဆရာက ဆိုပါသည်။ ၀မ်းဝဖို့ ခါးလှဖို့  ရုန်းကန် တိုက်ပွဲဝင်ကြပါစို့  ၊ ထီင်္ပေါက်ဖို့  ထီလက်မှတ်လိုသလို ငွေကို ငွေနဲ့ လိုက်ရမှာမို့  ကူညီမယ့်လူ ရှိရင် ပိုများလွယ်ကူလေမလား ဟုလည်း တေးရေးဆရာက ဆိုပါသည် ။ ခုတော့ အမှောင်ထဲမှာ တို့ နှစ်ယောက်ငိုကြဦးစို့ ရဲ့ တဲ့ ။အူမ မတောင့်သော်လည်း သီလစောင့်လျတ် နက်ဖြန်ကို ရင်ဆိုင်ကြဦးစို့ တဲ့ ၊ ဘ၀နာလန်ထလာဖို့ ရော လွယ်ကူပါ့မလား စသည် စသည်ဖြင့် ဖွဲ့ ထားသော သီချင်းဖြစ်ပါသည်။
ချမ်းသာတာကောင်းသလား ၊ မကောင်းဘူးလား၊
ချမ်းသာဖို့ အတွက် လွယ်သူလွယ်ပြီး ဘာကြောင့် ခက်သူခက်နေရပါသလဲ ။
အူမတောင့်ဖို့ ရာ သီလစောင့်ရမလား ။ မစောင့်ရဘူးလား ။
ဆရာစိုင်းခမ်းလိတ် ၏ ဆင်းရဲသားအတွေး ဖြစ်ပါသည် ။

Credit ----မြန်မာ့သွေး website မှ ဆရာမောင်သာချို ရေးသားသော စာမူကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။

Thursday, March 31, 2011

ငါ့တရားငါ စီရင်တော်မူခန်း

ကျွှန်တော်သိပ်ကြိုက် ကိုထူးအိမ်သင်ရဲ့  သီချင်း တပုဒ် နာမည်ပါ.
သီချင်းစာသားကို သိပ်သတိမထားပေမယ့် သီချင်းခေါင်းစဉ်ကို အတော်နစ်သက်မိတယ်
ဘယ်သူ ကို ဘာ အကြောင်းမှ မပြောချင်ဘူး
ကိုယ့်ကိုကိုယ်ပဲ ပြန်ဆုံးမချင်နေတယ်...
ဘာတွေ ဘာတွေလုပ်မိမှန်း မသိအောင် အမှားအယွင်းတွေ အရမ်းများနေတယ်
ဖေ့ဘုတ်မှာ အကိုတစ်ယောက်တင်ထားတဲ့  ကာတွန်းထဲကလို ပြောရရင ပိုင်ဆိုင်မှုတွေ အရမ်းများနေပီ.
ဘာတွေလဲ ဆိုတော့ ပြသာနာတွေလေ.
နေရာတစ်ခုမှာ တည်ငြိမ်သက်သာစွာ ရပ်တည်ချင်နေပါပြီ.

Monday, August 16, 2010

ကျွှန်တော်တို့ ချစ်တဲ့ မြို့ 


အလင်းငယ် အဖွဲ့ ဝင်များအားလုံးမင်္ဂလာပါခင်ဗျာ … ခုကျွှန်တော်ရေးတဲ့ စာတမ်းက ကျွှန်တော့်တို လေးစားရတဲ့ စာရေးဆရာမ ဂျုး ရဲ့ စာအုပ်နာမည်နဲ့ တူနေတဲ့ အတွက် အပြစ်တင်မယ်ဆိုရင် တောင်းပန်ပါတယ် .. ဒီအကြောင်းကို ရေးဖြစ်တဲ့ အကြောင်းရင်းကလဲ ကျွှန်တော့် အလင်းငယ်အဖွဲ့ ရဲ့  movement တွေကို အများသိရှိနိုင်အောင်လို့  တင်ပြခြင်း ဖြစ်ပါတယ်..
့ ကျွှန်တော်တို့ အလင်းငယ်မန်ဘာတော်တော်များများဟာ့ မန္တလေး သားစစ်စစ်တွေပါ..
မန္တလေးမြို့ နဲ့ပက်သက်လို ကျွှန်တော်တို့ ချစ်တဲ့ မြို့ အတွက် ကျွှန်တော့်တို့ လုပ်ပေးနိုင်တာတွေကို အတတ်နိုင်ဆုံး လုပ်ပေးဖို့  ရည်းမှန်းချက်ထားထားကြပါတယ် ..
့မန္တလေးရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုနေတွေမှာ အဆိုးဆုံးက…နေရာတိုင်းမှာတွေ့ နေရတဲ့ ပလတ်စတစ် ကြွပ်ကြွပ်အိတ်တွေပါ…ဒီကိစ္စကို သက်ဆိုင်ရာက  လဲတားဆီးပါတယ်…ဒါပေမယ့် လူတွေရဲ့  စည်းကမ်းမရှိမှု ..လုပ်ငန်းရှင်တွေရဲ့  ကိုယ်ကျိုးကြည့်မှုတွေကြောင့် ကြွပ်ကြွပ်အိတ်ပြသာနာက ရပ်တန့်မသွားပါဘူး ….ကြွပ်ကြွပ်အိတ် ကင်းမဲဇုန်လို့  ဆိုင်းဘုတ်နဲ့ တော့
ကြွပ်ကြွပ်အိတ်သုံးတာ .ရပ်တန့် သွားမှာ မဟုတ်ပါဘူး…ဒီကြွပ်ကြွပ်အိတ်တွေနေရာမှာ …သူလို မျိုး အစားထိုး သုံးစွဲ နိုင်မယ့် အရာမျိုးကိုလူတွေ သုံးစွဲချင်စိတ်ရှိလာအောင် ဆွဲဆောင်မှ ဒီကြွပ်ကြွပ်အိတ် သုံးစွဲမှုက ရပ်တန့် သွားမှာပါ..နောက်ပြီးတော့ မန္တလေးမြို့ ရဲ့  Landmark တွေဖြစ်တဲ့ မန္တလေးတောင် ကန်တော်ကြီး တတ်သေးအင်း စတဲ့ နေရာတွေ ..နောက်ဆုံး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးစောင်းတန်းလို နေရာမျိုးမှာတောင်...ဒီကြွပ်ကြွပ်အိတ် အမိုက်ပုံတွေ ဟာ တောင်လိုပုံနေပါတယ်..ဒီအရာတွေကို တတ်နိင်သလောက် ရှင်းလင်းရေးလုပ်ဖို့  ကျွှန်တော်တို့  အလင်းငယ်အဖွဲ့ သားများမှ တတ်အားသရွေ့  ဆောင်ရွတ်လျတ်ရှိပါတယ် ..လစဉ် လစဉ် လရဲ့ ပထမ ပတ် စနေနေ့ ကို Anti plastic movement အဖြစ် သတ်မှတ်ပြီး အခြာ့း မန္တလေးမြို့ ပေါ်ရှိ CSO အဖွဲ့ များဖြင့် ပူးပေါင်းဆောင်ရွက်လျတ်ရှိရာ ယခုဆိုလျှင် ၇ ကြိမ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်  ..
မိုင်ပေါင်း ၁၀၀ အကွာအဝေးကို ရောက်ရှိစေမယ့် ပထမဆုံး ခြေလှမ်းဟာ အရေးအကြီးဆုံးပါ…ဒါကြောင့်မို့  ကျွှန်တော်တို့ အလင်းငယ်များရဲ့  ခြေလှမ်းများနဲ့ အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့  သူငယ်ချင်းအားလုံးကို ဖိတ်ခေါ်အပ်ပါတယ် ….Save The Earth ….Keep The Mandalay….

Friday, July 2, 2010

အဖြူရောင်သင်္ကေတများ၏ စီးဆင်းမှုရာဇ၀င် (သို့) ချင်းတောင်တန်းမှကြိုဆိုလျက်







ချစ်မိတ်ဆွေ
ခင်မင်တတ်ရင်
ရိုးသားစွာလှမ်းလာခဲ့ပါ
ငါတို့မှာမာယာမနှောတဲ့
သဘောအမှန်တွေရှိတယ်


ငါတို့အရပ်မှာ
မုန့်ဟင်းခါး မရှိပေမယ့်
ရိုးရာဓလေ့ ဆဗူးသီး ရှိတယ်
လိမ္မော် ပန်းသီးနဲ့ စပျစ်သီးတွေရှိတယ်
PH7 မှန်တဲ့သောက်ရေသန့်တွေမရှိပေမယ်
ကြည်လင်သန့်ရှင်းတဲ့ တောင်ကျရေအေးရှိတယ်
ရွှေပိတောက်နဲ့တော်ဝင်ပန်းသဇင်မပွင့်ပေမယ့်
လှပတဲ့ရောင်စုံသစ်ခွနဲ့ချယ်ရီတွေပွင့်တယ်
ရဲရင့်တဲ့တောင်ဇလပ်တွေပွင့်တယ်
အမြင်လှလို့ဘ၀င်အေးစရာ
ထင်းရူးတောနဲ့လှေကားထစ်စိုက်ခင်းတွေရှိတယ်
တောင်တက်တောင်ဆင်းအမောပြေအောင်
ခေါင်ရည်ချိုချိုသောက်လို့ရတယ်
လေအေးစက်တပ်စရာမလို
သဘာဝလေနုအေးတိုက်ခတ်တယ်
လျှပ်စစ်မီးမရှိပေမယ့် သဘာဝအလျောက်
ကြယ်ရောင်လရောင်ထင်ရှားတယ်
နက်မှောင်ပြောင်လက်တဲ့ကတ္တရာလမ်းမရှိပေမယ့်
ချစ်စရာဖုန်တထောင်းထောင်းထတဲ့
မြေနီလမ်းကလေးရှိတယ်
ညအချိန်ရောက်ရင်
အချမ်းဒဏ်ကာကွယ်ဖို့
မီးပုံဖိုရင်း သံပြိုင်သီချင်းတွေ
တူညီညာလက်တွဲဝိုင်းဖွဲ့သီဆိုကြမယ်
ကြီးကျယ်မြင့်မြတ်သူမရှိဘူး
သိမ်ငယ်နိမ့်ကျသူမရှိဘူး
အားလုံးအတူတူဖြစ်တယ်


ကြည့်ပါမိတ်ဆွေ
အောက်ချင်းငှက်မောင်နှံတွေ
ဒါ .. သစ္စာတရားကြီးမားတတ်တဲ့
ပြယုဂ်တစ်ခုဖြစ်တယ်
ငါတို့ရဲ့ချစ်တတ်ခြင်းအတွက်
သံသယမရှိလေနဲ့
အသည်းနှလုံးပုံ ရိဒ်ရေကန်က
ချစ်ခြင်းရဲ့ပုံသက်သေတစ်ခုဖြစ်တယ်


ငါတို့အရပ်မှာ
လူမျိုးဒေသစွဲတွေအလိုမရှိဘူး
ဘာသာအယူဝါဒစွဲတွေအလိုမရှိဘူး
သစ္စာမဲ့ဖောက်ပြားတတ်သူအလိုမရှိဘူး
သိမ်းပိုက်လွှမ်းမိုးချင်စိတ်ရှိသူအလိုမရှိဘူး
မာယာနဲ့ယုတ်မာလှည့်စားတတ်သူအလိုမရှိဘူး
အတ္တကြီးမားကောက်ကျစ်တတ်သူအလိုမရှိဘူး
နယ်ချဲ့ကျူးကျော်တတ်သူအလိုမရှိဘူး
ပြည်ထောင်စုစိတ်ဓာတ်ရှိသူနဲ့
ရိုးသားစွာခင်မင်တတ်သူသာ
အလိုရှိတယ်
ဒါတွေဟာ ... ငါတို့ရဲ့
သင်္ကေတအမှန်တွေဖြစ်တယ်


သွေးချင်းရခိုင်ရိုးမတောင်တန်းနဲ့ဆက်နေတဲ့
မဏိပူရ်မြစ်ကုလားတန်မြစ်စီးဆင်းနေတဲ့
ချင်းတောင်တန်းမှကြိုဆိုလျက်
Unau ... နဒမ်မော
ချစ်မိတ်ဆွေ နေကောင်းပါရဲ့လား
ဆွန်ထာမော
ကောင်းသောနေ့ဖြစ်ပါစေ
ဇန်ထာမော
ကောင်းသောညဖြစ်ပါစေ
မန်းထာထာမော
အိပ်မက်လှလှမက်ပါစေ

.....................
...........
....

လီလီနိုဝင်ဘာ
၂၀.၂.၂၀၁၀ တွင် ကျရောက်သော (၆၂)ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုလျက် .........

အောက်ချင်းဌက် သစ္စာ

ကျွှန်တော့်ရဲ့ ဇာတိ ချင်းပြည်နယ် မတူပီ မြို့ နယ် က ဖနိုင်ရွှာလေးကို သတိရလို့ တင်ပေးလိုက်ပါတယ်..
ကျွှန်တော့်ရဲ့  ချင်းအမတစ်ယောက်ပို့ ပေးလိုက်တာပါ.. သူရဲ့  ခံစားချက်ဆိုတာထက် ကျွှန်တော်တို့ ချင်းအားလုံးရဲ့  ခံစားချက်လို့  ပြောရင် ပိုမှန်ပါတယ် .. အောက်ချင်းဌက်လို သစ္စာရှိနိုင်ဖို့  မျှော်လင့်ပါတယ်
..
အောက်ချင်းငှကသစ္စာ


သိပါရဲ့လား
အောက်ချင်းငှက် ပုံပြင် လေးကို


ကြားဖူးရဲ့လား
သူတို့ ဇာတ်လမ်း လေးကို


အောက်ချင်းငှက်တို့ဆိုတာ
တစ်ကောင်သေရင်ကျန်တစ်ကောင်မှာ
အဖော်မွန်သစ်မဖွေရှာဘဲ
သစ္စာတရားကြီးမားလှစွာ
သေဆုံးသူနား တစ်ဖ၀ါးမခွာဘဲ
ပူဆွေးသောကရောက်
နှလုံးကွဲကြေလျက်
သေပွဲဝင်ရရှာသတဲ့


ကိုယ်နဲ့မင်းလည်း
အောက်ချင်းငှက်တို့သစ္စာ
ပုံပမာထားလို့
တစ်ဦးအပေါ်တစ်ဦး
ဖောက်ပြန်ခြင်းကင်းတဲ့
သစ္စာတရားမျိုးနဲ့
တွဲလက်တွေ မဖြုတ်စတမ်း
ကမ္ဘာကုန်တည်နေသရွေ့
သစ္စာထားကြပါစို့လား

...............

သစ္စာ .... စကားလုံးလေးက နှစ်လုံးတည်းရယ် ... ဒါပေမယ့် အဓိပ္ပာယ်က ကျယ်ပြန့်နက်ရှိုင်း လွန်းလှပါတယ် ... ရာဇ၀င်တွင်လောက်တဲ့ သစ္စာတရားကြီးမားသူတို့အကြောင်းနဲ့ သစ္စာမဲ့ ဖောက်ပြန်တတ်သူတို့အကြောင်းကို ကြားဖူးကြမှာပါ ... Lily ကတော့ ကိုယ်နဲ့နီးစပ်ရာမှာ ကိုယ်မြင်တွေ့နေရတဲ့ သစ္စာတရားကြီးမားသူတို့အကြောင်းလေးကို ပြောပြချင်ပါတယ် ... တခြားလူတွေအတွက်တော့ မထူးဆန်းလောက်ပေမယ့် Lily အတွက်တော့ အားကျစရာ ကြေကွဲစရာ အတုယူစရာ သနားစရာ ဖြစ်နေလို့ပါ ... သစ္စာတရားအကြောင်းကို အများကြီး တော့ အဓိပ္ပာယ်ဖွင့်ဆိုပြီး မပြောပြတတ်ပါဘူး ... သူငယ်ချင်းအပေါ်ထားတဲ့ သစ္စာ ... ချစ်သူအပေါ်ထားတဲ့ သစ္စာ .. မိသားစုအပေါ်ထားတဲ့ သစ္စာ ... ဇနီးခင်ပွန်းအပေါ်ထားတဲ့ သစ္စာ ... လူမျိုးအပေါ်ထားတဲ့ သစ္စာ ... နိုင်ငံတော်အပေါ်ထားတဲ့ သစ္စာ ဆိုပြီး အမျိုးမျိုး ရှိမှာပါ ... Lily ပြောချင်တဲ့ သစ္စာတရားကြီးမားသူတို့ အကြောင်းလေးက လူတွေမှာ မဟုတ်ဘဲ အောက်ချင်းငှက် ဆိုတဲ့ သတ္တ၀ါတွေကြားထဲက သစ္စာတရားလေးပါ  ... အောက်ချင်းငှက်ကို အရင်ကတော့ ချင်းလူမျိုးအများစုနေထိုင်ရာ ချင်းတောင်တန်းတွေပေါ်မှာ အများဆုံး မြင်တွေ့ နိုင်ပါတယ် ... အဲဒီ အောက်ချင်းငှက်တွေဟာ တစ်ကောင်တည်းရှိနေတတ်တာ နည်းပါတယ် ... အဖို၊ အမ မောင်နှံစုံတွဲ ရှိနေတတ်တာ များပါတယ် ... သူတို့ထဲက တစ်ကောင်ကောင်ဟာ ရန်သူလက်ချက်ကြောင့်ဖြစ်စေ ၊ သဘာဝရာသီဥတုဒဏ်ကြောင့်ဖြစ်စေ မတော်တဆ သေဆုံး သွားခဲ့ရင် ကျန်တဲ့တစ်ကောင်ဟာ သေဆုံးသူအနားကနေ လုံးဝမခွာတော့ပါဘူ ... ခေတ်စ ကားနဲ့ ပြောရရင် အတွဲသစ်လုံးဝမရှာတော့ပါဘူး ... သေဆုံးသူနားမှာ ပူဆွေးသောကရောက် နှလုံးကွဲကြေပြီး လိုက်သေကြပါတယ် ... ဒါကြောင့် ချင်းလူမျိုးတွေဟာ အောက်ချင်းငှက်နဲ့ တောင်ဇလပ် ပွင့်တွေကို ချင်းလူမျိုးတို့ရဲ့ သင်္ကေတအဖြစ် အသုံးပြုကြတာများပါတယ် ... ဘာလို့လည်းဆိုတော့ အောက်ချင်းငှက်ဟာ သစ္စာတရားကြီးမားတာကို ဖော်ညွှန်းတာဖြစ်ပြီး တောင်ဇလပ်ပွင့် တွေကတော့ ရဲရင့်ရိုးသားခြင်းကို ဖော်ညွှန်းနေလို့ပါပဲ .... Lily လည်း သစ္စာမဲ့ပြီး ဖောက်ပြန် တတ်သူဖြစ်မှာ အရမ်းစိုးရိမ်မိပါတယ် ... ကိုယ် သစ္စာမဲ့လိုက်လို့ တစ်ပါးသူမှာ ဘယ်လိုတွေ ခံစားရမယ်ဆိုတာကို မတွေးရဲအောင်ပါပဲ ... Lily ဆုတောင်းမိ ပါတယ် ... ဘယ်ဘ၀ ရောက်ရောက် သစ္စာတရားကြီးမားသူဖြစ်ပြီး တစ်ပါးသူတွေရဲ့ သစ္စာမဲ့ခြင်းမှလည်း ကင်းဝေးရသောသူ ဖြစ်ပါစေလို့ .. Lily ချစ်တဲ့ ငါးသုံးမှ ညီအစ်ကို မောင်နှမများလည်း ထိုကဲ့သို့ ဖြစ်ပါစေလို့ ဆုတောင်းလျက် ....
................
.......
...
By Lily November

Saturday, June 26, 2010

ွနည်းပညာကျောင်းတော်အမှတ်တရ ..

"တစ်ချိန်ချိန်မှာတော့…."

နာနာကြင်ကြင် အလွမ်းတွေ ဖြစ်လောက်ပါရဲ့
- ဒီနေရာဟာ…လူတိုင်းရဲ့ ဘ၀အတွက်
ကြီးကြယ်ခမ်းနားတဲ့ …. ကြယ်စင်အိပ်မက်တွေ ရှိတယ်
မျှော်လင့်ချက်ကိုယ်စီ နေ့သစ်တိုင်းအတွက်
နေခြည်ဖြာ… သက်တန့်နေ့ရက်တွေ ရှိတယ်
ပြီးတော့… အဆင့်ဆင့် လမ်းခွဲတိုင်းမှာ
လမ်းမလွဲသွားဖို့ သတိပေးဆိုင်းဘုတ်တွေ ရှိတယ်
အနာဂတ်ကို အရောင်လက်အောင် ရွှေချဖို့
ဦးနှောက် ခပ်စိပ်စိပ် ဇယားကွက်တိုင်းမှာ
တစ်ထက်ကြီးတဲ့ (>1) ကိုယ်ပိုင် factor တွေ ရှိတယ်။
- ဒီနေရာဟာ တောက်ပတဲ့ နေ့ရက်တွေအတွက် ၀ှက်ဖဲ တွေ ရှိတယ်
နေ့သစ်တိုင်းကို ဖြတ်သန်းဖို့ password တွေ လို မလို ခန့်မှန်းဖို့ လိုတယ်
သန်းခေါင်ထက် နက်တဲ့ ညတွေ ကျော်ဖြတ်ဖို့ ရှိတယ်
Web page infinity မှာ website မြေပုံညွှန်းတွေ မှန်ကန်ဖို့ လိုတယ်။
- ဒီနေရာဟာ ကမ်းမမြင် လမ်းမမြင် ပင်လယ် မဟုတ်ပေမယ့်
ဆိပ်ကမ်းတွေ မှား မကပ်မိဖို့ အရေးကြီးတယ်။
- မနက်ဖန်…. နောင် …. တစ်နေ့နေ့….
ကျွန်တော်တို့ ဘယ်လို ဖြစ်လာမှာလဲ……..
- တစ်ချိန်ချိန်မှာတော့….
နာနာကြင်ကြင် အလွမ်းတွေ ဖြစ်လောက်ပါရဲ့

(GTC မှာ အကြောင်း အမျိုးမျိုးနဲ့ခွဲခွာသွားတဲ့ သူငယ်ချင်းများနဲ့၊ ငါးနှစ်လုံးလုံး အတူ ပညာသင်ခွင့်ရခဲ့တဲ့ သူငယ်ချင်းများ၊ မေတ္တာစေတနာတွေနဲ့ ပညာသင်ပေးခဲ့တဲ့ ဆရာ၊ ဆရာမ အားလုံးသို့)

Friday, June 4, 2010

အဖော်မွန်

ဘ၀ခရီးကို လျှောက်လှမ်းရာတွင် သင့်အတွက် အဖော်ကောင်းတစ်ယောက် မရှိမဖြစ်
အစစ်အမှန် လိုအပ်နေသည်ဟု ဆိုပါလျှင် သင် ၀န်ခံရပေလိမ့်မည်။ ဤအချက်ကို သင်
ငြင်းပယ်၍ မဖြစ်ပေ။ အဖော်ကောင်းကို ရအောင်ရှာလျက် သင်နှင့်အတူ
လက်တွဲခေါ်ဆောင်သွားရလိမ့်မည်။ သူသည်…..
သင့်စိတ်ကို အင်အားဖြည့်တင်းပေးလိမ့်မည်။
သင့်နှစ်လုံးသားကို အေးငြိမ်းချမ်းသာစေလိမ့်မည်။
သင့်မျက်နှာတွင် ကြည်လင်သောအပြုံးကို ဖြစ်ထွန်းစေလိမ့်မည်။
သင့်ဣနြေ္ဒကို တည်ငြိမ်ရင့်ကျက်စေလိမ့်မည်။
သင့်မျက်လုံးများမှာ ကရုဏာပြည့်လွှမ်းစေလိမ့်မည်။
သင့်နှုတ်ခမ်းကို ယဉ်ကျေးချိုသာစေလိမ့်မည်။
သင့်နားထဲမှာ ဥပေက္ခာတရား ဖြန့်ကြက်ပေးထားမည်။
သင့်လက်များကို မေတ္တာတရား ပြည့်ဝသွားစေမည်။
သင့်အပြုအမူများကို သိမ်မွေ့နူးညံ့စေလိမ့်မည်။
သင်လျှောက်လှမ်းနေသော ခရီးလမ်းတွင် ကြုံတွေ့ရသည့် အခက်အခဲဟူသမျှ
သတိသမ္ပဇဉ် အသိဉာဏ်ယှဉ်ကာ ကူညီဖြေရှင်းပေးလိမ့်မည်။
ခရီးဆုံးပန်းတိုင်သို့ လျင်မြန်စွာ ရောက်ရှိအောင်လည်း
သင့်အားဆောင်ကြဉ်းသွားလိမ့်မည်။
ဘယ်လောက်များ ကောင်းလိုက်ပါသနည်း။
ဤအတိုင်းသာ ဖြစ်လျှင် သင်သည် သူ့ကို အလိုရှိအပ်၏။ သင်သူ့ကို
အလိုရှိမည်ဆိုပါက သင်နှင့်အတူ
သူ အမြဲနေပေလိမ့်မည်။ ဘ၀လွတ်မြောက်ရေးကို အမှန်တကယ် ရလိုပါလျှင် သူသာပင်
သင့်အတွက် အကောင်းဆုံးခရီးဖော် ဖြစ်၏။
သူ့ကို အားလုံးက “သည်းခံခြင်း” ဟု ခေါ်ကြသည်။