Monday, June 17, 2013

Boson Net Sim 8.0 For CCNP Certi Prepare

Today , i'm looking for some Net Sim for CCNP lab sim and founded that one called Boson
network simulator 8.0 .This software not Purpose for Certi Exam but it great for real world experience .It include all Lab Map and topology for CCNA and CCNP candidate  that can't be done by Packet Tracer and GNS 3 .GNS 3 is quite enough for Routing but not in Switching . So , i wanna share this software to all friends who prepare CCNP exam . Good Luck all bro !!!!!!!
Download link _ http://www.mediafire.com/download/xd61tf6gbxjuyym/Boson_NetSim_for_CCNP_v8.5.4689.18599(2).rar

Tuesday, May 7, 2013

အဖော်မွန်

ဘ၀ခရီးကို လျှောက်လှမ်းရာတွင် သင့်အတွက် အဖော်ကောင်းတစ်ယောက် မရှိမဖြစ်
အစစ်အမှန် လိုအပ်နေသည်ဟု ဆိုပါလျှင် သင် ၀န်ခံရပေလိမ့်မည်။ ဤအချက်ကို သင်
ငြင်းပယ်၍ မဖြစ်ပေ။ အဖော်ကောင်းကို ရအောင်ရှာလျက် သင်နှင့်အတူ
လက်တွဲခေါ်ဆောင်သွားရလိမ့်မည်။ သူသည်…..
သင့်စိတ်ကို အင်အားဖြည့်တင်းပေးလိမ့်မည်။
သင့်နှစ်လုံးသားကို အေးငြိမ်းချမ်းသာစေလိမ့်မည်။
သင့်မျက်နှာတွင် ကြည်လင်သောအပြုံးကို ဖြစ်ထွန်းစေလိမ့်မည်။
သင့်ဣနြေ္ဒကို တည်ငြိမ်ရင့်ကျက်စေလိမ့်မည်။
သင့်မျက်လုံးများမှာ ကရုဏာပြည့်လွှမ်းစေလိမ့်မည်။
သင့်နှုတ်ခမ်းကို ယဉ်ကျေးချိုသာစေလိမ့်မည်။
သင့်နားထဲမှာ ဥပေက္ခာတရား ဖြန့်ကြက်ပေးထားမည်။
သင့်လက်များကို မေတ္တာတရား ပြည့်ဝသွားစေမည်။
သင့်အပြုအမူများကို သိမ်မွေ့နူးညံ့စေလိမ့်မည်။
သင်လျှောက်လှမ်းနေသော ခရီးလမ်းတွင် ကြုံတွေ့ရသည့် အခက်အခဲဟူသမျှ
သတိသမ္ပဇဉ် အသိဉာဏ်ယှဉ်ကာ ကူညီဖြေရှင်းပေးလိမ့်မည်။
ခရီးဆုံးပန်းတိုင်သို့ လျင်မြန်စွာ ရောက်ရှိအောင်လည်း
သင့်အားဆောင်ကြဉ်းသွားလိမ့်မည်။
ဘယ်လောက်များ ကောင်းလိုက်ပါသနည်း။
ဤအတိုင်းသာ ဖြစ်လျှင် သင်သည် သူ့ကို အလိုရှိအပ်၏။ သင်သူ့ကို
အလိုရှိမည်ဆိုပါက သင်နှင့်အတူ
သူ အမြဲနေပေလိမ့်မည်။ ဘ၀လွတ်မြောက်ရေးကို အမှန်တကယ် ရလိုပါလျှင် သူသာပင်
သင့်အတွက် အကောင်းဆုံးခရီးဖော် ဖြစ်၏။
သူ့ကို အားလုံးက “သည်းခံခြင်း” ဟု ခေါ်ကြသည်။

Per-Vlan Spanning Tree Behavior

ကျနော် လုပ်ဖြစ်နေတဲ့ CCNP switch Lab Manual ထဲက Lab များကို ဖော်ပြထားခြင်း ဖြစ်ပါတယ်..
အခြေခံ အဆင့်တွေမို့  beginner တွေ  အတွက်ပဲ ရည်စူးပြီး တင်လိုက်ခြင်း ဖြစ်ပါတယ် ခင်ဗျ.

Objective - Observe the behavior of a separate spanning tree instance per Vlan

- Change spannning tree mode to rapid spanning tree

Step 1: Perpare the switches for the Lab .
all active switches ports go to trunk mode with dot1q encapsulation
Note: the default mode on a 3560 or 2960 is dynamic auto , the default mode on a 3550 or 2950 is dynamic
desirable
Step : 2 Configure VTP
configure all switches with vtp mode transparent and domain u want .
Step : 3 Assign a root switch for each vlan
Setp : 4 Configure RSTP
Other Spanning tree mode besides PVST+ are avalible . One of these is RSTP ( Rapid Spanning tree Protocol)
which greatly reduce the time for a port to transition to forwarding state while still preventing bridging loops.
Cisco-Proprietary Per-Vlan rapid spanning tree ( PVRST+) combines the functionality of RSTP and PVST.

Note: use Clear spanning-tree detected-protocols command after configuring different spanning tree mode.

Challange
added more vlans and configure root bridge for ALS1 and ALS2 .
change the cost of vlan between DLS1 and DLS 2 .
everything can run on packet tracer and GNS 3
Cheer !!!!!! all bro

Thursday, April 18, 2013

Modifying Default Spanning tree Behavior


ဒီ Lab ကတော့ Cisco Networking Academy ရဲ့  CCNP Switch Lab Manual ထဲကပါ. ဒီစာအုပ်က Cisco က ထုတ်တဲ့ Official Press မို့  real field နဲ့ ပိုမိုနီးစပ်မယ်လို့ ထင်မြင်မိပါတယ် တချို့  စာဖတ်ရင်းနဲ့  မရှင်းတဲ့ အကြောင်းအရာတစ်ချို့ ကို  Lab လုပ်ရင်းနဲ့  နည်းနည်းသိလာတာမျိုးရှိပါတယ်..အဓိက ကတော့ real world မှ တကယ်လုပ်ကိုင် ရင်းနှီးနေဖို့ လိုမယ် ထင်
ပါတယ် ... ကိုယ်နားလည်သလောက် သိသလောက် နည်းနည်းလေး ရေးထားတာမို့  အကို CCIE များ NP များက လိုအပ်တာ များကို ဝေဖန်ထောက်ပြ ပညာဝေမျှကြဖို့ မျှော်လင့်ပါတယ်.......
Che
er all Myanmar Cisco bro !!!!!!!!!!!!|

Modifying Default Spanning tree Behavior

Step 1: Prepare the switch for the Lab.

Step 2: Display Default Spanning Tree information For all swtichesa
by using # show spanning-tree
#sh int tru

Step 3:Configure Specific switches to be primary and secondary root
# ဒီနေရာမှာ packet tracer နဲ့ ဆိုရင်တော့ debug command ကို သုံးလို့ မရပါဘူး..
နောက်ပြီးတော့ | နဲ့  filter လုပ်ပြီးတော့ ကြည့်လို့ မရတာကလွဲ ရင် ကျန်တာအားလုံး အဆင်ပြေပါတယ်

Step 4: Change the root port using the spanning-tree port-priority command
Port Priorities range from 0 to 240 , increments of 16 . the default priority is 128.
ဒီကနေပြီးတော့ တန်ဖိုးပြောင်းလဲပြီး ကြည့်ပါတယ်.

Step 5: Configure Portfast on an access port

Step 6 : Change root Port using the spanning-tree cost command

အဆင့် ၆ ခုပဲ ပါပါတယ်.. Lab manual ebook ကိုလဲ 4 shared မှာ ရနိုင်ပါတယ်..
သိသလောက် လုပ်ထားသလောက်ပဲ တင်လိုက်တာပါ..

Saturday, April 21, 2012

Fuzzy Logic and Set Theory

ဒီနေရာမှာ Classical Set နဲ့  fuzzy Set တို့ ရဲ့  မတူခြားနားမှုကို ဖော်ပြထားပါတယ်…




Classical Set ကို 

(၁)     Operation on Classical Sets
(၂)     Properties of Classical (Crisp) Sets
(၃)     Mapping of Classical Set to functions ဆိုပြီး ခွဲခြားဖော်ပြပါတယ်..

 ဒါကတော့ Set Theory မှာသုံးတဲ့  Symbol အချို့ ပါ.


Fuzzy sets ကိုတော့

(၁)     Fuzzy Set Operations
(၂)     Properties of Fuzzy Sets ဆိုပြီး ခွဲခြားဖော်ပြထားပါတယ်..
နောက်ထပ်သိထားသင့်တဲ့ တစ်ခုကတော့ Sets as Points in Hypercubes ပါ….

Classical Set ဆိုတာကတော့ ထာဝရအမှန်တရားလို့  လက်ခံထားတဲ့ အရာများ (A universe of discourse) .လို့  ဆို ပါတယ်…ကျွှန်တော်တို့  X ကို မူသေထားတဲ့  ကိန်းဂဏန်းများလို့  ဆိုပါရစေ…သိပြီးသားအကြောင်းများကိုတော့ ပြန်ရေးမနေတော့ပါဘူး..
အမှန်တရား လက်တွေ့ အသုံးချ အသုံးပြုနေတဲ့ ကိန်းဂဏန်းအစုပေါ့.. ..ဆိုပါတော့..
ကွန်ပြူတာ clock speed လို ..မော်တာ တစ်လုံးရဲ့  မောင်းနှင်စွမ်းအင်( operating current) လို..ငလျင်လူပ်တဲ့အခါ တိုင်းတဲ့ မက္ကနီကျု့  ( Richter Magnitude ) လို …နောက် ၁ အစ ၁၀ အဆုံး ကိန်းစစ်(integer) လို အစုတွေပါ..လက်တွေ့ အသုံးချနေတဲ့ အင်ဂျင်နီယာလုပ်ငန်းအများစုမှာ အသုံးပြုနေတာ အဲသလို ကိန်းဂဏန်းအစုတွေပါ…Set ဆိုတာကို အားလုံးသိပြီးသားမို့  အရှည်ပြောစရာလိုမယ်မထင်တော့ပါဘူး…
Operations of Classical Set ဆိုတာကို အခြေခံအားဖြင့် လေးမျိုး ခွဲခြားနိုင်ပါတယ်…အဲဒါတွေကတော့
Union AB = {x | x A or x B}
Intersection
Complement
Difference (AB) \ (AB) စတာတွေ ဖြစ်ပါတယ်..

 Basic Set Theory

 fig : Difference between Classical Set and Fuzy set

ဒါတွေကတော့ အားလုံးသိပြီးသားကြောင်းအရာများပါ..လျှာဝင်ရှည်နေတယ်လို့ မထင်လိုက်ပါနဲ့ ..
နောက်တစ်ခုကတော့ Properties of Classical ( Crisp) Sets ပါ .
အဲဒါတွေကတော့ Commutativity, Associativity, Distributivity, Idem potency, Identity ,Transitivity ,Involution စသည် စသည်တို့ ဖြစ်ကြပါတယ်...
နောက် Classical Set Operation တွေမှာ အသုံးများ လူသိများတဲ့ excluded middle laws နဲ့  De Morgan’s Laws တို့ဖြစ်ကြပါတယ်…
Law of the Excluded Middle မှာကို နှစ်ခုပြန်ကွဲပါတယ်...တစ်ခုကတော့ excluded middle laws ပုံစံနဲ့  နောက်တစ်ခုကတော့ Nurr Set လို့  ခေါ်တဲ့ Law of the contradiction တို့ ဖြစ်ပါတယ်...



 Excluded Middle Law ကို ကျောင်းသားတစ်ယောက် လက်တွေ့ အသုံးချနေပုံ


ကျွှန်တော်တို့  မင်းသားကြိးဖြစ်တဲ့ De Morgan ကတော့ တတိယနှစ်ကလောက်နေ စပြီး ပါမယ်ထင်ပါတယ်…နောက်ဆုံးဘိတ် ME course work ထိ သူ့ ရဲ့ အခြေခံ သဘောတရားတွေ ပါနေဆဲပါ... 


 

Classical Set နဲ့ ပက်သက်ပြီး နောက်ဆုံးတစ်ခုကတော့ Mapping of Classical Set of Functions ပဲဖြစ်ပါတယ်..သူကတော့ ပြင်ပလောကကို  သီအိုရီနဲ့ ချိတ်ဆက်တဲ့နေရာမှာ အရေးကြီးတဲ့  အယူအဆပိုင်းဆိုင်ရာ အကြောင်းအရာဖြစ်တယ်လို့  ဆိုပါတယ်..
X နဲ့  Y လို မတူညီတဲ့ ဒိုင်မေးရှင်းနဲ့  universe of discourse ကို တွက်ချက်ပါတယ်…Mapping မှာ operation of Classical Set တွေက ပုံစံပြောင်းသွားပါတယ် ..

ကြုံရင်းဆက်ရေးပါဦးမယ်..
လေးစားမှုဖြင့် 
မောင်ထန်းကြီး

Friday, April 20, 2012

Artificial Intelligence သင်ပုန်းကြီး



GTU online ၃ နှစ်ပြည့်အတွက် အက်ဒမင် တစ်ယောက်ကို ဘလော့တစ်ပုဒ်ရေးရမယ်ဆိုတော့ ဘာရေးရင်ကောင်းမလဲဆိုပြီးစဉ်းစားတော့ ကျောင်းသားတုန်းက သင်ခဲ့ဘူးသော AI (Artificial Intelligence) ကို သတိရမိပါတယ်…ကိုယ်နဲ့  ဘာမှ မဆိုင်တဲ့ ဘာသာရပ်တစ်ခုကို ရွေးချယ်ရတာ ကိုယ့်အတွက် ပိုလွတ်လပ်တယ် လို့ ခံစားမိလို့ ပါ..ပြီးတော့ ဒီဘာသာနဲ ပက်သက်ပြီး အပြောအဆို အရမ်းနည်းကြတော့ ဒီဘာသာရပ်ကို  ရွေးချယ်မိပါတယ်..နောက်ပြီး အမှန်နဲ့ အမှားကို ရုတ်ချည်းမခွဲတဲ့  မြန်မာဆန်တဲ့ အဲလေ အရှေ့ တိုင်းဆန်တဲ့ အတွေးအခေါ်မျိုး ပါတဲ့ အတွက်ပါ…ဒါကြောင့် အမေရိကန်မှာ တွေ့ ပြီး ဂျပန်မှာလာအောင်မြင်နေတာနေမှာ…. အမှန်အမှားရောထွေးနေတာကိုတော့ ….၀တ်မှုံရွှေရည်လေသံနဲ့  ပြောရမယ်ဆိုရင် …ဘယ်လိုပြောရမလဲ ….ပေါ့လေ .. အဲဒါနဲ့ fuzzy အကြောင်းကို ရေးမယ်ဆိုပြီး လုပ်လိုက်တာ.. ဆင့် ဟိုဟာ တွဲလောင်း ခိုလိုက်မိရက်သား ဖြစ်နေပါတယ် ..ကိုင်ထားရင်းနဲ့ ကြီးကြီးလာ..လွတ်ချပြန်ရင်လဲ ဆင်နင်းခံရဦးမယ် …ဆိုတော့..လုပ်လက်စနဲ့  လုပ်မယ်ဆိုပြီး.စာအုပ်အဟောင်းတွေ ပြန်ပြီးမွှေပါတော့တယ်…အဲ့ဒီမှာ အဲဒီအချိန်မှာ ဆရာဦးမျိုးမင်းအောင်က ညွန်လို့  ၀ယ်ထားရတဲ့ ဆရာကြီး ဒေါက်တာခင်မောင်ဝင်းရေးတဲ့ စာအုပ်တစ်အုပ်ကို တွေ့ ပြီး အဲဒီစာအုပ်ထဲက ဟာတွေ ယူပြီး ဖြီးချတာကောင်းပါတယ်လို့  စဉ်းစားလိုက်ပါတယ်( အကျယ်ကို သိလိုသော် စာအုပ်ဝယ်ဖတ်ပေါ့ဗျာ) …ငယ်ငယ်ကတည်းက အလုပ်မဖြစ်တဲ့ ကိစ္စများဆို သိပ်စိတ်ဝင်စားတဲ့လူဆိုတော့ အဲသလို ယောင်ဝါးဝါး မင်းနားမလည် ငါနားမလည် ဒါဘာကြီးလဲ ဆိုတဲ့ ဘာသာများဆို သိပ်သဘောကျပါတယ်…AI ပြဌာန်းစာအုပ်ကို ဖတ်ဖြစ်တဲ့အခါ စိတ်ဝင်စားစရာ အကြောင်းအရာတော်တော်များများကို တွေ့ မိပါတယ်…ဒါပေမယ့် ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စမို့  သိပ်စိတ်မ၀င်စားခဲ့ပါဘူး…နောက်ပိုင်း မဟာသင်တန်းသား course work မှာ fuzzy, natural network ,AI စသည်ဖြင့် တချိန်လုံး သင်ရပါတယ်… ကျွှန်တော့် အမြင်ပြောရရင်တော့ Fuzzy , AI , Natural Network တို့ ဟာ ညီအကို တွေလို့ ထင်ပါတယ်…တစ်ခုနဲ့ တစ်ခု ဆက်နွယ်ပေါင်းစည်း တည်ရှိနေတယ်လို့  ခံစားမိပါတယ်…အခုနောက်ပိုင်းမှာ fuzzy logic supported ပစ္စည်းများဟာ မြန်မာနိုင်ငံထဲမှာ ရနိုင်နေပါပြီ…တရက်က ၂၆ လမ်းက အီလက်ထရောနစ်ဆိုင် တစ်ခုမှာ လျှောက်ကြည့်မိရင်း fuzzy logic supported ဆိုတဲ့ ရေခဲသတ္တာတစ်ခုကို တွေ့ မိပါတယ်. .ဈေးကလဲ အရမ်းကြီးပါတယ်…ဒါပေမယ့် ဆိုင်က ၀န်ထမ်းကို မေးကြည့်တော့ ဒီပစ္စည်းက အရမ်းကောင်းတယ် ဆိုတဲ့ စကားထက် ပိုမရခဲ့ပါဘူး…ဆိုလိုချင်တာကတော့ နည်းပညာက ကျွှန်တော့်တို့  နံဘေးကို ရောက်နေပါပြီ…စိတ်ပါဝင်စားတဲ့ ပုဂ္ဂိုလ်များ သတိထားမိအောင် တင်ပြခြင်းဖြစ်ပါတယ် ..ဒီစာစုမှာ အဓိက ပြောချင်တာတော့ AI ပါ ဒါပေမယ့် fuzzy, Natural Network ဟာလဲ ပါသင့်တဲ့ အကြောင်းအရာတွေပါ..ကံကောင်းချင်တော့ ဒီစာစုကို ရေးလိုက် ပြန်ဖျက်လိုက်လုပ်နေတုန်း သူငယ်ချင်း တစ်ယောက်ကနေ AI နဲ့ ပက်သက်တဲ့ doc တစ်ခု ပေးလာပါတယ်…မူရင်းပိုင်ရှင်ကတော့ ရုရှ မှာ ကျောင်းတတ်နေတဲ့  မြန်မာကျောင်းသားပါ..သူ့ ဆီက စာတမ်းများဟာ ခုမှ စလေ့လာမယ့် သူတစ်ယောက်အတွက် အတော်လေး ပြည်စုံပါတယ်..သူ့ ကိုလဲ မမြင်ဘူးပေမယ့် ကျေးဇူးတင်ပါတယ်. 

.နောက်တစ်ခု က ဒီစာစုကိုစုဆောင်းတင်ပြရတာဟာပညာရှင်တစ်ယောက်အနေနဲ့ မဟုတ်ပဲ ယခုလက်ရှိ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေ ဖတ်စေချင်လို့  ညွန်တဲ့ သဘောပါ…တတ်သိနားလည်တဲ့ သူများအနေဖြင့် အရေးမှား စဉ်းစားတာများ အမှားပါရင်တည့်ပေးကြပါ….

ကျွှန်တော် ပေါက်တတ်ကရ လျှောက်မေးသမျှ စိတ်ပါလက်ပါ ပြန်ဖြေပေးခဲ့တဲ့  ဦးမျိုးမင်းအောင်(YTU)၊ဒေါက်တာမိုးသူဇာထွန်း( Engineering Maths) ၊ ဒေါ်မာလာကျော်၊ ရုရှပြည်က AI ပညာတော်သင်အကြောင်းများ အရိပ်အမြွတ်မျှ ပြောပြပေးတဲ့ ကိုစောဂျိမ်းမြင့်  ကိုကျေးဇူးတင်ပါတယ်….ဒီစာစုမှာ စုဆောင်းတင်ပြတဲ့နေရာမှာ လိုအပ်တာတွေ ရှိပါက ကျွှန်တော်မောင်ထန်းကြီး အသုံးမကျလို့ ဟု မှတ်ယူပါ ခင်ဗျား…


As the Complexity of a system increase, our ability to make precise and yet significant about its behavior diminishes until a threshold is reached beyond which precision and significance ( or relevance ) become almost mutually exclusive character ……
(Lotfi Zadeh ,Professor of System Engineering , 1973)



Fuzzy အကြောင်း စာအုပ်အများကြီး ရှိပေမယ့် ကျွှန်တော်တို့  GTU တွေမှာ ပြဌာန်းတာကတော့ McGraw – Hill စာအုပ်တိုက်က ထုတ်ပြီး Professor Timothy J.Ross ရေးတဲ့ Fuzzy Logic with Engineering Application ဆိုတဲ့ စာအုပ်ပါ…၂၀၀၀ ခုနစ်ထုတ်စာအုပ်ပါ…အခုတော့ သင်သေးလား မသိပါဘူး… Professor Timothy J.Ross ဟာ မြို့ ပြအင်ဂျင်နီယာ တစ်ယောက်ဖြစ်ပြီး နယူးမက္ကစီကို တက္ကသိုလ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်လေ့လာရေး သုတေသန ဌာနမှာ ဒါရိုက်တာ တစ်ယောက်လို့ ဆိုပါတယ်..၀ါရှင်တန်နယ်လုံးဆိုင်ရာ တက္ကသိုလ်က ဘွဲ့ ရခဲ့ပြီး မဟာဘွဲ့ ကို ရိုက်စ်တက္ကသိုလ်နဲ့  ပါရဂူဘွဲ့ ကို စတန်းဖို့ ဒ် တက္ကသိုလ် တို့ က ရခဲ့ပါတယ်…fuzzy, Natural Network စသည်နဲ့ ပက်သက်တဲ့ အတွေ့ အကြုံများစွာရှိသူဖြစ်ပြီး အမေရိကန် fuzzy logic ဆိုင်ရာ အစည်းအရုံးနှင့် အပြည်ပြည်ဆိုင်ရာ fuzzy logic အစည်းအရုံးတွေမှာ အသင်းဝင် တစ်ယောက်ဖြစ်ပါတယ်..အမေရိကန် စစ်တပ်အတွက် AI ဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်မှုမှာ နှစ်အတန်ကြာ အမှုထမ်းခဲ့သူ ဖြစ်ပါသတဲ့….အဲသလိုလူ တစ်ယောက်ရဲ့  စာအုပ်ကို သင်ယူခွင့်ရတဲ့  ကျွန်တော်တို့  GTU ကျောင်းသားတွေကတော့ ဘာပြောကောင်းမလဲ……………….ဘာမှ ပြောမကောင်းပါဘူး….;P


Generations of Programming Languages ကိုတော့ ကွန်ပျူတာ စိတ်ဝင်စားတဲ့ သူ ကွန်ပျူတာသမားတွေ အားလုံး သိကြမှာပါ... လက်ရှိ ကျွန်တော်တို့ ရောက် နေတဲ့ Generations က တော့ 5th Generation -Natural language ပေါ့ဗျာ...AI ဟာ Computer Science ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါ..AI ဖန်တီးရန်အတွက် Program ရေးသားရာတွင် ကျွမ်းကျင်သော Programmer တွေ ၊ Hardware ဆိုင်ရာကျွမ်းကျင်သူများနှင့် သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်သူပညာရှင်များပေါင်းစပ်၍ တည်ဆောက်ယူ ရပါတယ်. AI ဟာ သိပံ္ပနည်းပညာ Field တစ်ခုဖြစ်ပါသည်..ဒီနေရာမှာ fuzzy ဟာ Rule Based ဖြစ်ပြီး Expert system ရဲ့ အသုံးချခံ အရင်းအမြစ် ဖြစ်ပါတယ်..Natural Network ကတော့ လူ့ ဦးနှောက်မှာရှိတဲ့  Naturon တွေရဲ့  စဉ်းစားတွက်ချက်ပုံကို အခြေခံတယ်လို့  ဆိုပါတယ်..လူ့ ဦးနှောက်မှာ naturon ပေါင်း 10^17 ရှိတယ်လို့ ဆိုပါတယ်..လူတစ်ယောက် စဉ်းစားတဲ့အခါ အားလုံးအလုပ်လုပ်ကြပါတယ်…AI system တစ်ခုကတော့  အဲသလို အလုပ်လုပ်နိုင်ဖို့ အင်မတန် ကြီးမားတဲ့ ဆူပါကွန်ပြူတာများ လိုအပ်ဖြစ်ပါတယ်..ခုလက်ရှိ အနေနဲ့ တော့ အသက် ၇ နစ် အရွယ်ကလေး တစ်ယောက် စဉ်းစားနိုင်တဲ့ အဆင့်အထိ စမ်းသပ်အောင်မြင်ထားတယ်လို့  သိရပါတယ်.Sample AI တစ်ခု အလုပ်စတင် လုပ်ကိုင်ဖို့  doer ပေါင်းများစွာလိုအပ်မှာ ဖြစ်ပါတယ်…script တွေ ရေးပါတယ်…သဘောကတော့ ကျွှန်တော်တို ရုပ်ရှင်ဇာတ်ကားတစ်ခုရိုက်ကူးခြင်းနဲ့ တူပါတယ်..ဇာတ်ညွန်းအရင်ရေးရပါတယ်…ကျောင်းတတ်နေတုန်းတော့ အဲလို script မျိုးကို အလွတ်ကျတ်ပြီး အကုန်ချရေးဘူးပါတယ်..ဒါကတော့ GTUမှာ fuzzy သင်ဘူးတဲ့ ကျောင်းသားတိုင်းသိကြမှာပါ….လူတစ်ယောက် ဈေးဝယ်ထွက်တဲ့ သင်ခန်းစာလေ… ထားပါ…AI အကြောင်း ဆက်ပြောတာပေါ့…


 AI ကို အောက်ဖော်ပြပါ အဓိကအစိတ်အပိုင်းများအဖြစ်ထပ်မံခွဲခြားနိုင်ပါသည်...

(က) Expert System ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ Expert များ၏ အတွေးအခေါ် အတွေ့အကြုံ ဗဟုသုတများကို Computer ပညာရှင်များ၏ အကူအညီဖြင့် Program များရေးသားခြင်းနှင့် Hardwear ဆိုင်ရာနည်းပညာများပေါင်းစပ်ရန် တည်ဆောက်ထားချင်းဖြစ်ပါသည်..ဤ Expert များ၏ နေရာတွင် အစားထိုးရန်မဟုတ်ပါ...Expert များ၏ အတွေ့အကြုံ ဗဟုသုတများကို လူ့ ပတ်ဝန်းကျင်တွင် ကျယ်ပြန့်စွာ အသုံးချ နိုင်ရန် ဖြစ်ပါသည်...

(ခ) Natural Language Processing (NLP) Computer အသုံးပြုသူများ၏ တတ်ကျွမ်းနားလည်သော ဘာသာစကားဖြင့် Keyboard မှ အမိန့်ပေး ၍ Computer အား ခိုင်းစေချင်း Computer နှင့် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ခြင်းကို စွမ်းဆောင် နိုင်သည့် နည်းပညာဖြစ်ပါသည်၊ ၎င်းနည်းပညာကို နယ်ပယ်(၂) ခု အဖြစ် ခွဲခြားနိုင်ပါတယ်....
(၁) Natural Language Understanding
(၂) Natural Language Generation
(ဂ) Speed (voice) Understanding (SU) ။ Computer အား အသံဖြင့် အမိန့် ပေးလုပ်ဆောင်စေခြင်း -အပြန်အလှန်ဆက်သွယ်ခြင်း နည်းပညာဖြစ်ပါသည်၊

(ဃ) Robotic and Sensory System ၊ အာရုံခံမူ နည်းပညာ နှင့် စက်ရုပ်နည်းပညာများကို ပေါင်းစပ်အသုံးပြုသည့် နည်းပညာ ဖြစ်ပါသည်-
(၁) Robotic System ။ စက်ရုပ်တွင် Electrical နှင့် Electronic ဆိုင်ရာပစ္ဓည်းများ Mechanical ဆိုင်ရာပစ္ဓည်းများ ပေါင်းစပ် ပါဝင်တည်ဆောက်ထားသော Electro Mechanical Device ဖြစ်ပါသည်၊ ၎င်း Robot အား Program များထည့်တွင်း၍ သတ်မှတ်ထားသည့် ဘောင်အတွင်း ၌ အမျိုးမျိုးလုပ်ဆောင်နိုင်ပါသည်...
(၂) Sensory System ။ အမြင်ကို အာရုံခံခြင်း ၊ ကြားခံနယ်၏ ပြောင်းလဲမူကို အာရုံခံခြင်း အသံကို အာရုံခံ ခြင်း စသည့် စနစ်များ အဖြစ် အမျိုးမျိုး ရှိပါတယ်..Intelligence Robot များသည် ပတ်ဝန်းကျင် အခြေအနေများအား အာရုံခံ၍ သူ့ အလိုအလျောက်လုပ်ဆောင်ခြင်းဖြင့် Information ဆိုင်ရာ အဖြေကို ရရှိအောင် စွမ်းဆောင်နိုင်စွမ်း ရှိပါတယ်...အဲဒီ အချက်ကတော့ Automatic Machine တွေနဲ့ ကွဲပြားခြားနားချက်ဖြစ်ပါတယ်။။။

(၃) Computer Vision and Scene Recognition ။ Machine Sensor တစ်ခု မှ ရရှိသော အချက်အလက်များကို Digitized လုပ်ထားခြင်းဖြစ်သည်။ အမြင်ဆိုင်ရာ သတင်း အချက်အလက်များကို Computer တွင်ထည့် သွင်းထားသော ဗဟုသုတအခြေခံ သည့် Program များ (KnowLedge Base)ဖြင့် ပေါင်းစပ်ထားသည့် နည်းပညာပင်ဖြစ်သည်။ ၎င်းမှ ရရှိသော Result သည် စက်ရုပ်မှ အစ စက်မူဆိုင်ရာလူပ်ရှားမူများ Quality Control ဆိုင်ရာများအထိ ထိန်းချုပ်လုပ်ဆောင်နိုင်သည်၊

(၄) Intelligence Computer Aided Instruction (ICAI)၊ လူများကို နည်းပညာတစ်ခု နှင့် ပတ်သက်၍ နည်းပြဆရာ တစ်ယောက်လို သင်ပြနိုင်သည့် နည်းပညာဖြစ်သည် ၊ ယခု ICAI Program များမှာ အသုံးပြုသူနှင့် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ဖြေကြားနိုင်သည့် အဆင့်သို့ ရောက်ရှိနေခြင်းမှာ AI ဆိုင်ရာနည်းပညာများ( ဥပမာ -Natural Language Interface ) နှင့် ဗဟုသုတ ဆိုင်ရာ အခြေခံ (Knowledge Base) ပေါင်းစပ်၍ တည်ဆောက်ထားခြင်းကြောင့် ဖြစ်ပါသည်...

ညီအစ်ကို မောင်နှမတွေ အားလုံး သိပြီးသားဆိုရင်လဲ မသိသေးသောသူ၊ စိတ်ဝင်စားသူ တွေကို ဗဟုသုတ တစ်စိတ်တစ်ပိုင်းပေါ့ဗျာ....ကြုံတုန်းကဗျာတစ်ပုဒ်လောက် လက်ဆောင်ပေးချင်ပါတယ်….အချစ်ကဗျာတော့ ဟုတ်ပါဘူး….:P
J.V.Cunningham(1971)ဆိုတဲ့အနှီပုဂ္ဂိုလ်ကျော်ကြီးရေးတဲ့ကဗျာတစ်ပုဒ်ပါ..ယုံမှားသံသယဖြစ်စရာကောင်းတဲ့ ကိစ္စရပ်များကို စဉ်းစားတဲ့အချိန် ယုံမှားသံသယများကို လျော့နည်းစေပြီး စဉ်းစားစေဖို့ လို့   အဆိုရှိသဗျ..
ကဗျာခေါင်းစဉ်ကတော့ “Meditation On Statistical Method “လို့ ပေးထားပါတယ်..
ဒီနေရာမှာ Fuzzy Logic Set များအတွက် အဓိပ္ပာယ် ဖော်ထုတ်စဉ်းစားဖို့ လို့  ဆိုပါတယ်…

Palto despair!
We prove by norms
How numbers bear
Empire Forms,

How random wrongs
Will average right
If time be long
And error Slight:

But in our hearts
Hyberbole
Curves and departs
To infinity.

Error is boundless
Nor hope nor doubt,
Thought both be groundless
Will average Out……

လေးစားမှုဖြင့်
မောင်ထန်းကြီး

Thursday, April 21, 2011

စိုင်းခမ်းလိတ်ရဲ့  ဆင်းရဲသားအတွေး

စိုင်းခမ်းလိတ်ရဲ့  ဆင်းရဲသားအတွေး
(တစ်)
တစ်ခါက အလွန်ချမ်းသာကြွယ်ဝသည့် လူလတ်ပိုင်းအရွယ်တစ်ယောက်သူဌေးတစ်ယောက်နှင့် ကျွှန်တော်တို့ ဆုံဖြစ်ကြပါသည်။ သူက သိန်းသုံးလေးထောင်တန် (ခုချိန်လောက်ဆိုရင်တော့ သိန်းတစ်ထောင်ကျော်ကျော်လောက်တော့ တန်မှာပေါ့ ကျွှန်တော်လဲ မသိပါဘူး ..ကားဈေးတွေ ကျတယ်ကြားလို့ ပါ ။ ။ဤကား စကားချပ်) ကိုယ်ပိုင်ကား စီးနေသည့်သူ။ သူုကိုယ်ပိုင်ကားက တကယ့်ကိုယ်ပိုင်ကား ဖြစ်ပါသည်။ ကားတစီးကို တအိမ်လုံးဝိုင်းစီးနေတာမျိုးမဟုတ်။ သူ့ မိသားစု အသိုင်းအ၀န်းက လူတကိုယ်ကားတစီး အသိုင်းအ၀ိုင်းဖြစ်လေရာ သူကား က သူကားဆိုမှ သူကား ။ ကျွှန်တော်တို့ အားလုံးကမူ ဘတ်စ်ကားတိုးစီးနေသူတွေ။“ဆင်းရဲတာ ဂုဏ်ယူစရာမဟုတ်ဘူး ချမ်းသာတာမှ ဂုဏ် “သူက သူ့ အယူအဆကို ဒီလိုပဲ ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပါသည်။ တရုတ်ပြည်၏ ခေါင်းဆောင်ကြီး တိန့် ရှောင်ဖိန်ကပင်လျှင် To Get Rich Is Glorious ဟု ဆိုခဲ့ပြီ မဟုတ်လား။ ချမ်းသာခြင်း သည် ဂုဏ်ကျက်သရေတဲ့ ။“ချမ်းသာတာ ကောင်းပါတယ် ၊ ဒါပေမယ့် ဘယ်လိုနည်းနဲ့  ချမ်းသာလာခဲ့တယ် ဆိုတာက ရှိသေးတယ်လေ”ဒါက ကျွှန်တော်တို့  ၀ိုင်းထဲက လူတစ်ယောက်က သူ့ စကားကို ပြန်စောဒက တတ်ခြင်းဖြစ်ပါသည် ။ သည်တော့ သူ့ မျက်နှာ ကွတ်ခနဲ ဖြစ်သွားသည်။ ရိုးသားရင် အရိုးဝါးရမယ် ဆိုသော စကားကို ကျွှန်တော်က အမှတ်ရမိသည်။ ချမ်းသားခြင်း ဆင်းရဲခြင်းနှင့် လူတို့ ၏ စိတ်ခံစားမှုများ။
(နှစ်)
ကုလအတွင်းရေးမှုး ဘန်ကီမွန်းက ကုလသမဂ္ဂ၏ ရှေ့ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပက်သက်၍ ပြောရာ၌ ကမ္ဘာ့  ဆင်းရဲ မွဲတေမှုကို တိုက်ဖျက်ရေးလည်း ပါဝင်ပါသည်။ ကမ္ဘာပေါ်၌ လူအများစုမှာ တစ်ဒေါ်လာ သို့ မဟုတ် တစ်ဒေါ်လာ အောက် ၀င်ငွေဖြင့် ရပ်တည်နေခြင်းဖြစ်ရာ သွေးပျက်ဖွယ် အနေအထားပင် ဖြစ်ပါသည်။ BBC က ဦးဆောင်ကောက်ယူသော စာရင်းဇယားများအရ ကမ္ဘာ့ နံပါတ်တစ် ပြဿနာကို စစ်တမ်းထုတ်ကြရာ ဆင်းရဲမွဲတေမှု ပြဿနာတဲ့၊ အကြမ်းဖတ်မှု ပြဿနာတဲ့ ၊ သဘာဝရာသီဥတုဖောက်ပြန်မှု ပြဿနာတဲ့  ၊ သည် ပြဿနာသုံးခုကပဲ ထိပ်တန်းကနေ စာရင်းထွက်လာပါသည်။ ဘာပဲဖြစ်ဖြစ် ဆင်းရဲတာဟာ ပြဿနာ ဖြစ်နေတာတော့ သေချာပါသည်။
လူတစ်ယောက် သိန်းလေးငါးထောင်တန် ဇိမ်ခံကားကြီး စီးနေစဉ် လူတစ်ယောက် ဖိနပ်တရံဝယ်ဖို့  ခေါင်းခဲနေတာ ကျွှန်တော်တို့ ကမ္ဘာကြီး ဖြစ်ပါသည်။ လူတစ်ယောက် တစ်သိန်းကျော် အရက်တစ်လုံး ထောင်ထားစဉ် လူတစ်ယောက် တောအရက်တစ်ပိုင်းအတွက် မနည်းအားထုတ်နေတာ ကျွှန်တော်တို့ ကမ္ဘာကြီး ဖြစ်ပါသည်။ လူတစ်ယောက် ကမ္ဘာရှေ့ နောက် လေယာဉ်ဖြင့် လူးလာခေါက်တုံနေစဉ် လူတစ်ယောက်က အိတ်ထဲက ဘတ်စ်ကားခလေးကို စမ်းစမ်းကြည့်နေရတာ ကျွှန်တော်တို့  ကမ္ဘာကြီး ဖြစ်ပါသည်။ လူ တစ်ယောက်က ၂၄ နာရီ လေအေးပေးစက် ဖွင့်ထားသည့် အခန်းထဲ၌ ရှိနေစဉ် လူတစ်ယောက်က ပုဆိုးနံငယ်ပိုင်းကလေး ရေစွတ်ကာ ကိုယ်ခန္ဒာကို ပွတ်သတ်နေရတာ ကျွှန်တော်တို့  ကမ္ဘာကြီး ဖြစ်ပါသည် ။ လူတစ်ယောက်က ကမ္ဘာ့  ထိပ်သီးတက္ကသိုလ်ကြီး တစ်ခုသို့ ဝင်ခွင့်လျှောက် ထားနေစဉ် လူတစ်ယောက် ရွှံဗွတ်တွေထဲ ဖြတ်ပြီး လယ်ကွင်းစပ်က စာသင်ကျောင်းလေးဆီ သွားနေတာ ကျွှန်တော်တို့  ကမ္ဘာကြီး ဖြစ်ပါသည်။ ဘာကြောင့် ဆင်းရဲသူ ဆင်းရဲကာ ချမ်းသာသူ ချမ်းသာနေကြပါလိမ့်။
ရှေးဘ၀ အဆက်ဆက် ကုသိုလ်ကံကြမ္မာကြောင့်လား ၊ ခေတ်စနစ် အဆင် အကွက်တွေကြောင့်လား ။
တေးရေးဆရာ စိုင်းခမ်းလိတ်က ဆင်းရဲသားအတွေးဆိုသည့် သီချင်းတပုဒ် ဖွဲ့ခဲ့ဖူးပါသည် ။ သည်သီချင်းကို ဒေါက်တာစိုင်းခမ်းလိတ်၏ အသံရှာဖွေမှုနှင့် လိုက်ဖက်ညီအောင် သီဆိုနိုင်စွမ်းရှိသော စိုင်းထီးဆိုင်က သီဆိုခဲ့ခြင်းလည်း ဖြစ်ပါသည်။

(သုံး)
ဆင်းရဲသားအတွေး
ရေး -စိုင်းခမ်းလိတ်
ကားကလေးတွေ အစီအရီ စီးသွားကြတယ် x x x လမ်းမမှာ မင်း ငေးမနေနဲ့ ကလေးရယ် x x x မကြားဝံ့ မနာသာ ပြောသွားကြမယ် x x x ရွှေလင်ပန်းနဲ့  အချင်းဆေးသူ လူမှုရေးကျ ညံ့တတ်တယ် x x x
လူဆိုတာ မွေးလာကတည်းက အခွင့်အရေးချင်းကွာခြား x x x ကြယ်မြင်တဲ့ အမိုးငယ်အောက်က x x x ကိုယ်စဉ်းစား အခါခါ x x x သူများအတွေး အဖို့ ရာ ဘ၀ဆိုတာ x x x သိပ်ပြီးတော့ လွယ်နေမလား x x x
ငါးပြားတန် အကြော်လည်း မရောင်းတော့ဘူးတဲ့ x x x ၀မ်းဝဖို့ အရေး ရုန်းကန်ဦး ကလေးရယ် x x x ခါးလှဖို့ ဆိုတာ စိတ်ကူးတစ်ခုပဲ x x x ရွေလင်ပန်းရှင် လမင်းရယ် x x x မြင်ပေမယ့် ဝေးလှတယ် x x x
ထီဆိုတာ ပေါက်နိုင်ဖို့  x x x ထီလတ်မှတ်တော့ လိုတယ် x x x ငွေဆိုတာ ပိုက်ဆံနဲ့  x x x ခေါ်မှရတယ် x x x ကူမယ့်လူသာရှိရင် ဘ၀ဆိုတာ x x x ဒီထက်တော့ လွယ်ကူလေမလား x x x
မိုးချုပ်ကောနေ၀င် နေ့ တွက်ကြည့်ရင် x x x မနက်တွက် တနပ်တင်းလို့ နေမြဲ ကလေးရယ် x x x ကြိုးစားဖို့ အရာတောင် အားမရှိတော့တယ် x x x မှန်မှန်လုပ်ပြီး အရိုးပါးသူ x x x တစ်ခါတလေအသားဟင်း တောင့်တတယ် x x x ချောင်မှာ နစ်ယောက်တည်းဖက်ပြီး x x x ငိုရတဲ့ရက်များ x x x အမှောင်မှာနေပြီး အမိုက်ထဲရောက်သွားဖို့  မခက်ပါ x x x အူမတောင့်ရင် သီလတွေ စောင့်ဖို့ လွယ်ကူနိုင်မလား x x x မြက်ဟောင်းကို မွှေရင် အပုပ်နဲ့ ထွက်တယ် x x x တရားနဲ့ သာ တို့ စိတ်ဖြေဖို့ ကလေးရယ် x x x ထွက်ပေါက်ကို မရှာဘူး ရောက်တော့တွေ့ တယ် x x x လူတွေမကောင်းတာ ပြောမယ့်အစား x x x နက်ဖြန်အကြောင်းပဲ ပြောကြမယ် ရင်မှာလေ အကောင်းဆုံးအတွက် မျှော်လင့်ချက် ပိုက်ထားကာရယ် x x x အပြင်မှာလေ အဆိုးဆုံးအတွက် အဆင်သင့်ပြင်ထားကာရယ် x x x တကယ်အကျနာရင် ဘ၀ဆိုတာ x x x နာလန်ထဖို့ အရေး လွယ်ကူပါ့မလား x x x
လမ်းမပေါ်မှာ ကားတွေ ဖြတ်သွားလျတ် ၊ မိန်းမပျိုလေးတစ်ယောက်က ကားရောင်စုံကို လှမ်းငေးလို့  မငေးနဲ့ တဲ့ ၊ ရွှေလင်ပန်းနဲ့ အချင်းဆေးသူ အများစုဟာ လူလို နားမလည်တာ များတယ်တဲ့ ။ မင်းကို ထိကပါး ရိကပါး စော်ကားမော်ကား စကားတွေ လှမ်းပြော သွားလိမ့်မယ်တဲ့ ။ လူသားတို့  ဘ၀များ ကွာခြားပုံတွေကို စဉ်းစားကြည့်တဲ့ အခါ တစ်ချို့ တစ်ချို့ သော ဘ၀တို့ လွယ်ကူလွန်းပုံတွေကို အံသြမိပါရဲ့ ဟု လည်း တေးရေးဆရာက ဆိုပါသည်။ ၀မ်းဝဖို့ ခါးလှဖို့  ရုန်းကန် တိုက်ပွဲဝင်ကြပါစို့  ၊ ထီင်္ပေါက်ဖို့  ထီလက်မှတ်လိုသလို ငွေကို ငွေနဲ့ လိုက်ရမှာမို့  ကူညီမယ့်လူ ရှိရင် ပိုများလွယ်ကူလေမလား ဟုလည်း တေးရေးဆရာက ဆိုပါသည် ။ ခုတော့ အမှောင်ထဲမှာ တို့ နှစ်ယောက်ငိုကြဦးစို့ ရဲ့ တဲ့ ။အူမ မတောင့်သော်လည်း သီလစောင့်လျတ် နက်ဖြန်ကို ရင်ဆိုင်ကြဦးစို့ တဲ့ ၊ ဘ၀နာလန်ထလာဖို့ ရော လွယ်ကူပါ့မလား စသည် စသည်ဖြင့် ဖွဲ့ ထားသော သီချင်းဖြစ်ပါသည်။
ချမ်းသာတာကောင်းသလား ၊ မကောင်းဘူးလား၊
ချမ်းသာဖို့ အတွက် လွယ်သူလွယ်ပြီး ဘာကြောင့် ခက်သူခက်နေရပါသလဲ ။
အူမတောင့်ဖို့ ရာ သီလစောင့်ရမလား ။ မစောင့်ရဘူးလား ။
ဆရာစိုင်းခမ်းလိတ် ၏ ဆင်းရဲသားအတွေး ဖြစ်ပါသည် ။

Credit ----မြန်မာ့သွေး website မှ ဆရာမောင်သာချို ရေးသားသော စာမူကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။